Chapter ( 55 )

7.3K 585 3
                                    


ဂျေက အိမ်တံခါးကို အသာလေးတွန်းဖွင့်ဝင်ခဲ့တော့
ဧည့်ခန်းမှာ မလှုပ်မယှက်နဲ့ ထိုင်နေတဲ့ မာန်ခကို တွေ့
ရတယ်။ ထင်ထားတဲ့အတိုင်းပဲ။
မာန်ခ ဟာ သူ့အိမ်သူ ပြန်ရောက်နေတာပဲ။

'' မာန်ခ ´´

မာန်ခ ရဲ့ ပခုံးကို ဖွဖွလေး ဆုပ်ကိုင်လိုက်တယ်။
မော့ကြည့်လာတဲ့ မာန်ခရဲ့မျက်လုံးတွေက အသက်မဲ့သလို ဆွေးရီနေတာကြောင့် ဂျေ့စိတ်ထဲ ထင့်ခနဲဖြစ်သွားတယ်။ အဲနောက် မာန်ခက အသက်မပါသလိုပြုံးတယ်။ မာန်ခရဲ့ ပခုံးကို ဆုပ်ကိုင်ထားမိတဲ့ လက်ကို
ဂျေ အလန့်တကြား လွှတ်လိုက်မိတယ်။

''  မာန်ခလေးက ဆိုင်မှာကိုယ့်ကို စောင့်နေတယ်
မှတ်ပြီး သွားတာ။လက်စသတ်တော့ ကိုယ့်ချစ်သူလေးက ကိုယ်နဲ့တူတူ သွားဖို့ အိမ်မှာထိုင်စောင့်နေတာကိုး ´´

မာန်ခက သူ့စကားကို မကြားချင်ယောင်ဆောင်ကာ နံရံကို အဓိပ္ပာယ်မရှိ ငေးကြည့်နေတယ်။

ဂျေ့ ရင်တွေ ပူလောင်လာတယ်။
မာန်ခ ရဲ့ လစ်လျူရှူမှုတွေက သူ့ကို ခံရခက်စေတယ်။
မာန်ခရဲ့ ဘေး အသာလေးဝင်ထိုင်ပြီး
ချစ်သူ ရဲ့ နူးညံ့သော လက်နှစ်ဖက်ကို ညင်သာစွာ ဆုပ်ကိုင်  နမ်းရှုံ့ပြီး . . .

'' မာန်ခ ရယ် ဘာတွေဖြစ်နေတာလဲ ဟင်။
ကိုယ့်ကို စိတ်ဆိုးနေတာလား ။ တစ်ခုခုတော့ ပြောလေ´´

ဒီတော့မှ မာန်ခ နှုတ်ခမ်းတွေက လှုပ်ရှားလာကာ…

'' ချစ်သူရဲ့ လိမ်ညာလှည့်ဖျားခြင်းကို ခံလိုက်ရတဲ့ ကျွန်တော့်မှာ တစ်ခုခုပြောဖို့တောင် အင်အားမရှိတော့ဘူး . . ´´

ထို စကားသံက ဂျေ့ နားထဲကို ပဲ့တင်ထပ်သွားတယ်။

'' ကိုယ်က လိမ်တယ်။ ဘာတွေများလဲ မာန်ခရယ်။ ကိုယ်လည်း မသိရပါလား … ´´

မာန်ခ က မဲ့ပြုံးထပ်ပြုံးပြန်တယ်။ အပြစ်ကင်းစင်သော ကလေးမျက်နှာလေးက မဲ့ပြုံးနဲ့ ဘယ်လိုမှ
မလိုက်ဖက်နေ။

'' နေသွေး နဲ့ ဂျေ အိပ်ပြီး ကြပြီလား ´´

'' ဟင် … ´´

အေးစက်ခက်ထန် ပြတ်သားစွာ မေးချလိုက်တဲ့ မေးခွန်းကြောင့် ဂျေ ကြောင်တောင်တောင် ဖြစ်သွားတယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora