Chapter ( 62 )

6.5K 518 4
                                    


သမ္မတ ရွေးကောက်ပွဲကြီးကျင်းပရန် နှစ်ပတ်အလို . . .

'' စိန်လှိုင့် ရဲ့ အိမ်ကို သွားဖို့ ပြင်တော့ ´´

'' ဟုတ် ´´

ဦးနေရောင်က သူ့ လူယုံကို အမိန့်ပေးလိုက်တော့ လူယုံက ရှေ့မှာချထားတဲ့ ခရီးဆောင် suitcase အိတ်အနက်ကြီးကို ဆွဲသွားတယ်။ ခရီးဆောင် သေတ္တာကြီးထဲမှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၁ သန်းပါတယ်။ ဒီလောက် ငွေပမာဏဆိုရင် စိန်လှိုင်လို ငွေမက်တဲ့ ကောင်က သမ္မတ ပြိုင်ပွဲကနေ နှုတ်ထွက်ပေးမှာ အသေချာပဲ။
သူ့လူယုံက ကားနောက်ဖုံးကိုဖွင့်ကာ Suitcase အိတ်ကြီးကို တင်ထည့်ပြီးတာနဲ့ မောင်းသူနေရာက ဝင်ထိုင်တယ်။
ဦးနေရောင်က  ကားနောက်ခန်းကို ဝင်ထိုင်လိုက်တာနဲ့ ကားလေးဟာ ဦးစိန်လှိုင်အိမ်ကို မောင်းထွက်ခဲ့တော့တယ်။

'' ဘာကိစ္စများလဲ နေရောင် ´´  

ဦးစိန်လှိုင်က သူနဲ့ မျက်နှာချင်းဆိုင်က ဆိုဖာခုံမှာ စတိုင်ကျကျ နဲ့ ခြေထောက်ချိတ်ထိုင်နေတဲ့ ဦးနေရောင်ကို ကြည့်လိုက် ၊ ဦးနေရောင်တို့ တင်ထားတဲ့ စားပွဲခုံရှည် ပု ပေါ်က Suitcase အနက်ရောင်ကြီးကို ကြည့်လိုက် နဲ့ မေးတယ်။

ဦးနေရောင် က လက်ဖျောက် တီးလိုက်ရင်ပဲ
အနောက်မှာ ရပ်နေတဲ့ ဦးနေရောင် ရဲ့ လူယုံက စားပွဲပေါ်တင်ထားတဲ့ suitcase ကို ဖွင့်လိုက်လေလျှင်
ဦးစိန်လှိုင်ရဲ့ မျက်လုံးတွေ အရောင်လက်သွားတယ်။

'' ဒါက ဘာတွေလဲ . . ဘာသဘောလဲဗျ ´´ စကားသံတွင် လိုချင်တပ်မက်မှုတွေ ပါဝင်နေပြီး ငွေတွေကနေ မျက်လုံးအကြည့်မခွာတော့။

ဦးနေရောင်က တစ်ချက်ပြုံးရင်း . . .

'' ဒါကတော့ ခင်ဗျား သမ္မတလောင်းပြိုင်ပွဲကနေ နှုတ်ထွက်လိုက်မယ်ဆို ရမယ့် ဒေါ်လာ တစ်သန်း ´´

'' ဘယ်လို . . ဒေါ် . .ဒေါ်လာ တစ်သန်း ´´

'' ဟုတ်တယ် ဒေါ်လာ တစ်သန်း  ။ ခင်ဗျား သမ္မတ ပြိုင်ပွဲကနေ နှုတ်ထွက်ပြီး ကျုပ်ကို ထောက်ခံပေးမယ်ဆိုရင် ဒီဒေါ်လာ  တစ်သန်း ဟာ ခင်ဗျားအပိုင် ဖြစ်သွားမှာပဲ . . .´´

ဦးစိန်လှိုင်က ဦးနေရောင်ကို ငေးကြည့်ကာ ခဏကြာ စဉ်းစားတယ်။ သမ္မတပြိုင်ပွဲကို သူ ဝင်သာပြိုင်ရတာ သမ္မတ ဖြစ်ဖို့ မသေချာဘူး ။ အခုလို ပေးလာတဲ့ အခွင့်ရေးကို ယူလိုက်တာမှ ဒေါ်လာ ၁၀သန်းက
ချက်ချင်းရမယ် မဟုတ်လား။
ဦးစိန်လှိုင်က ခရိုနီ  စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ကနေ သမ္မတနေရာ ဝင်ပြိုင်သူပီပီပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။

'' ကျွန်တော် ခင်ဗျားကို ထောက်ခံပေးမယ် ဦးနေရောင် ´´

'' ဟား . . .ဒီလိုမှပေါ့ဗျာ ´´

သူတို့ နှစ်ယောက် ရယ်မောကာ အချင်းချင်း လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

                   ********************

'' အခုလိုမျိုး ဘာဖြစ်လို့ နှုတ်ထွက်လိုက်ရတာလဲ ခင်ဗျ ´´

'' ကိုယ့်ကိုကိုယ် လိုအပ်နေတယ်လို့ ထင်နေသေးလို့ပါ။
ပြီးတော့ ကျွန်တော့် ကျန်းမာရေးကလည်း ဆိုးဝါးလာတော့တိုင်းပြည်တာဝန်ကို တကယ်မထမ်းဆောင်နိုင်မှာကို စိုးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း နည်းလာခဲ့တာကြောင့် ကျွန်တော် ဒီ သမ္မတပြိုင်ပွဲကနေ နှုတ်ထွက်လိုက်တာပါ ´´

ဦးစိန်လှိုင် သမ္မတပြိုင်ပွဲကနေ နှုတ်ထွက်ခြင်း ဆိုတဲ့ Official statement ကို ရွှေအိမ်တော်က နေ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ဦးစိန်လှိုင်ဟာ အခုလိုမျိုး  သတင်းစာရှင်းလင်းပွဲလုပ်ရခြင်းဖြစ်တယ်။

'' ကျွန်တော်နှုတ်ထွက်သွားရပေမယ့်  စိတ်မပူပါဘူး။ ကျန် သမ္မတလောင်း နှစ်ယောက်က ကျွန်တော့်ထက် ပိုတော်ကြတယ် ။ တိုင်းပြည်တာဝန်ကို ကျွန်တော့်ထက် ပိုပြီး စွမ်းဆောင်နိုင်ကြပါလိမ့်မယ် ´´

'' ဦးနေရောင် နဲ့ ဦးထင်လင်း မှာ ဘယ်သူ့ကို မဲပေးချင်ပါသလဲ ခင်ဗျ ´´

'' အင်း . . ကျွန်တော်ကတော့ ဦးနေရောင် ကိုပဲ ထောက်ခံပါတယ် . . ´´

ဂျေက TV ကိုပိတ်လိုက်ပြီး အောင်နိုင်သူ တစ်ယောက်လို ပြုံးတယ်။ဒေါ်နှင်းမော်ချီ ထင်တဲ့အတိုင်းပဲ ။
ဦးနေရောင် ကဦးစိန်လှိုင်ကို လာဘ်ထိုးပြီး နှုတ်ထွက်ခိုင်းလိုက်တာပဲ။ ဦးစိန်လှိုင့် ကို ဒေါ်လာ တစ်သန်းနဲ့ လာဘ်ထိုးတဲ့ Video file  ကို သူဟိုတစ်ခါ ဦးစိန်လှိုင့် ရဲ့ အိမ်မှာ ခိုးတပ်ထားတဲ့ Camera တွေကနေ တစ်ဆင့်
ဂျေ ရထားပြီးပြီ။ ကဲ . . . ဦးနေရောင် ရေ ။ ခင်ဗျားတော့
မကြာခင် သေနေ့စေ့တော့မှာပါ ။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now