'' တီ တီ ''
ဖုန်းမြည်သံကြောင့် မာန်ခ နိုးလာခဲ့တော့တယ်။
'' ဟယ်လို ''
''အကို ကျွန်တော် အိမ်ရှေ့ရောက်နေပြီ တံခါးဖွင့်ဦး''
''ဘာဖြစ်လို့လဲ အခုအစောကြီးရှိသေးတာ''
''မစောတော့ဘူး အကိုမေ့နေတာလား။
ဒီနေ့ Car showroom ဖွင့်ပွဲ အတွက် ဖဲကြိုးဖြတ်ပေးဖို့ ဖိတ်ထားတာကို ''အိပ်နေရာကနေ ချက်ချင်းငုပ်တုပ်ထထိုင်မိသွားတယ်။
''ဟာ ငါမေ့နေတာ ကြည့်စမ်း ''
မာန်ခ အိမ်အောက်ထပ်ကိုမြန်မြန်ပြေးဆင်းကာ
Manager ကို တံခါးဖွင့်ပေးရတယ်။'' ဘယ်လိုလုပ်ရမလဲ ဘယ်အချိန်လဲ ပွဲက ''
'' ၁၀ နာရီ ''
''ဟာ အခု ၉ နာရီ ထိုးနေပြီ။
ပြင်မှာဆင်မှာနဲ့ဆို မှီပါ့မလား'''' မြန်မြန်လုပ်မယ်ဆိုရင်တော့ မှီမှာပါ ''
မာန်ခက ကမန်းကတန်းနဲ့ ပျာယာတွေ ခတ်သွားတယ်။
'' ငါအခု ရေမြန်မြန်ချိုးမယ်။
ငါ့အတွက် Gentlmen
ဆန်တဲ့ အကျီ မျိုး ထုတ်ပေးထား '''' ဟုတ်ကဲ့ ''
ရေချိုးပြီးတော့ body ကို တဘက်နဲ့ မြန်မြန်သုတ်၊
body spray တွေ ဖြန်း၊ ချက်ချင်း အင်္ကျီနဲ့ ဘောင်းဘီတွေ ကောက်စွပ်ရတယ်။ ရုပ်ရည်လည်း
ချောပြီးသား၊ အသားရေလည်း ကောင်းပြီးသား
ဖြစ်တဲ့ မာန်ခဟာ Make-up တောင်ပြင်နေစရာမလိုဘဲ
Smart ကျ သန့်ပြန့်နေတယ်။ထို့နောက် သူရယ် မန်နေဂျာလေးရယ်
အိမ်အပြင်ပြေးထွက်ကာ ကားပေါ်မြန်မြန်
တက်လိုက်ကြတယ်။'' ဒွီး ဒွီး ဒွီး '' ( ကားစက်နှိုးသံ )
'' ဟာ ကားက ဘာဖြစ်တာလဲ ''
'' ဒွီး ဒွီး ဒွီး '' ( ကားစက်နှိုးသံ )
'' ဟ လုပ်ဦး။ ကားက နှိုးလို့လည်း မရဘူး ''
''ဘယ် နှိုးလို့ရမှာလဲ အကိုရ။ ဆီမှ မရှိတာ
ဒီမှာကြည့်လေ''''ဟာ ဟုတ်သားပဲ ''
'' အဲတာဆို ဘယ်လိုလုပ်ကြမလဲ ဒီဘက်ကို taxi လည်း
မလာဘူး ''အကြံအိုက်နေစဉ်မှာပဲ ဟိုဘက်ခြံဘက်ကို
မာန်ခ အကြည့်ကရောက်သွားတော့
တိုက်တိုက်ဆိုင်ဆိုင် အပြင်သွားမလို့
ကားသော့ဖွင့်လိုက်တဲ့ ဂျေ့ကို တွေ့ရတယ်။
အုတ်နံရံ ခြံစည်းရိုးက လေးပေလောက်သာမြင့်တော့
အကုန်မြင်နေရတယ်။ ဂျေ့ရဲ့ ကားထွက်လာတာနဲ့
မာန်ခ ကားရှေ့ ပိတ်ရပ်လိုက်တယ်။
YOU ARE READING
Secret Commando [ Zawgyi + Unicode ] Completed
Teen Fictionလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...