Chapter ( 10 )

15.8K 1.1K 13
                                    

'' ဟာ အနံ့ကမွှေးနေတာပဲ ။ ကိုဂျေ ဘာတွေချက်နေတာလဲ ''

''Spaghetti ''

''ဟင် ...ကိုဂျေ က Spaghetti မကြိုက်ဘူးမဟုတ်လား။ ဘာကြောင့် . . .။  အော်‌ သိပြီ ကိုမာန်ခ အတွက်မလား ''

ဂျေက ပီကျူးစကားကို ဂရုမစိုက်အားဘူး။ Spaghetti လုပ်နည်းစာအုပ်ကို ကြည့်လိုက် ချက်လိုက် လုပ်နေတယ်။

'' ကိုဂျေ့ကိုကြည့်ရတာလည်း အဲဒီစာအုပ်ကြီးနဲ့ ပင်ပန်းလိုက်တာ ။ ဒီအတိုင်း Delivery မှာလိုက် ပြီးနေတာ ”

'' အဲတာက သူများလုပ်ထားတာလေ။ ငါက ငါကိုယ်တိုင် လုပ်ကျွေးချင်တာ ''

'' Deli မှာလိုက်တာက အချိန်တောင်သက်သာသေးတယ်။ အခုက အချိန်လည်းကြာသေးတယ်။ အရသာကောင်းမကောင်းလဲည်း မသေချာဘူး။
ဆားငံတာလဲ ရှိချင်ရှိမယ်။ ပေါ့ပြီး စားမကောင်းတာလည်း ဖြစ်ချင်ဖြစ်သွားမယ်။ ဟိုမတော်လို့ မီးများသွားရင် ခေါက်ဆွဲတွေ အကုန် ပျော့စိကုန်မယ် ။ ပြီးတော့ . . . ''

ဘေးကနေ ပွစိပွစိ ပြောနေတဲ့ ပီကျူးရဲ့ စကားတွေကို ဂျေ နားမခံနိုင်တော့ဘူး။

'' မင်း သေချင်နေပြီလား ''

''ဗျာ ''

''မင်း သေချင်နေပြီ လားလို့မေးနေတာ။
တိတ်တိတ်နေဟ . . တိတ်တိတ်နေ။
ငါချက်တာမို့ မင်း မစားချင်မစားနဲ့ ''

''ဟုတ် . . . ''

ပီကျူးက ကိုယ့်ပါးစပ်ကိုယ် ထပ်မပြောမိအောင် လက်နဲ့ ပိတ်လိုက်ကာ ငြိမ်ငြိမ်လေး ဘေးမှာ ထိုင်နေရတော့တယ်။ မဟုတ်ရင် သူ Breakfast စားရမှာ မဟုတ်ဘူး။

'' ဒါနဲ့ ဘယ်အချိန်ရှိပြီလဲ ''

ဂျေက ခေါက်ဆွဲဖတ်တွေကို ဒန်အိုးထဲထည့်ရင်းနဲ့
မေးတယ်။

'' ၇ နာရီရှိပြီ ''

''ဟင် ... မာန်ခ အိပ်ယာက ထတော့မယ်နဲ့တူတယ်။ မြန်မြန်လုပ်မှပဲ  ''

သူ ချက်လက်စ Spaghetti ကို ခပ်မြန်မြန်ပဲ အပြီးသတ်လိုက်ပါတော့တယ်။

                      -----------------------

ပြတင်းပေါက် လိုက်ကာ ကနေ တစ်ဆင့် မျက်နှာပေါ်ကျရောက်လာတဲ့ ဖျော့တော့တော့ နေရောင်ကြောင့် မာန်ခ အိပ်ယာကနေ နိုးလာတယ် ။  မျက်နှာသစ် သွားတိုက်ခြင်းကို စိတ်မပါတပါနဲ့ လုပ်တယ်။ အဲဒီနောက် အခန်းပြတင်းပေါက်ကနေ မိမိအိမ်ဘက်သို့ လှမ်းကြည့်
ကြည့်တယ်။ သတင်းထောက်တွေရှိနေသေးလား။
အရင်ထက်တော့ အရေအတွက် နည်းသွားပေမဲ့လို့ ၇ ယောက် ၈ ယောက်လောက်တော့ရှိသေးတယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now