Chapter ( 50 )

8.8K 640 9
                                    

ဟောပြောပွဲပြီးတာနဲ့ ဦးနေရောင် က အိမ်ကို ပြန်မယ် ပြောတယ်။ သူ့ပုံစံက အလောတကြီး ပုံစံမပေါက်ပေမဲ့ ခုတလော တစ်ခုခုကို စိတ်မချတာလိုလိုနဲ့ စိုးရိမ်နေသလိုမျိုးဖြစ်နေတတ်တာကိုတော့ ဂျေ သတိထားမိတယ်။
ဦးနေရောင် စီးတဲ့ကားကို ဂျေက မောင်းပေးရတာ။
ကျန် Bodyguard တွေကတော့ နောက်ကနေ တခြားကားတစ်စီးနဲ့ လိုက်ခဲ့ကြတာ။

'' တီတီ ´´

ဖုန်းမြည်သံ။ ဦးနေရောင် ဆီကဖုန်း။

'' အေးပြော ´´

တဖက်က လူက ဘယ်သူလဲတော့ ဂျေ မသိဘူး။ ဖုန်းကိုင်ရင်း ဦးနေရောင်ကတော့ မျက်ခုံးပင့်တက်သွားတာကို ကားမှန်ကနေ ဂျေ တွေ့လိုက်ရပြီ ။
ဦးနေရောင်ကလည်း သိပ်ပါးတယ်။
ကားမောင်းနေတဲ့ ဂျေ့ကို မှန်ကတစ်ဆင့် တစ်ချက် လှမ်းအကဲခတ်လိုက်သေးတာ။
ပြီးမှ မကြားအောင် အသံကို တီးတိုးနဲ့ပဲပြောတယ်။

'' အေး လာနေပြီ လမ်းမှာ . .သေချာကြည့်ကြပ်လုပ်ထား ´´  တဲ့။

ပြီးတော့ ဖုန်းချလိုက်ပြီး ဂျေ့ကို လှမ်းပြောတယ်။

'' အိမ်ကို မြန်မြန်မောင်းစမ်းကွာ ´´

ဂျေ ကားကို အရှိန်တင်လိုက်တယ်။ သူ့အိမ်ကို အမြန်ဆုံး ရောက်အောင်ပေါ့ . . .

နန်းတော်တမျှ ခမ်းနားလှတဲ့ ဦးနေရောင့် အိမ်ရဲ့ ပေါ်တီခုံ ရှေ့ ဂျေ ကားရပ်လိုက်လျှင်ပဲ ဦးနေရောင်က …

'' ဒီနေ့အတွက် မင်းတို့ နားလို့ရပြီ ´´ လို့ ပြောကာ

ဂျေ တောင် သူ့ကို တံခါးထ ဖွင့်မပေးရသေးဘူး
ကားပေါ်ကနေ သူဘာသူ တံခါးဖွင့် ဆင်းပြီး အိမ်ထဲ ဝင်ချသွားတော့တယ်။

ဦးနေရောင် သိပ်ကို အလျင်လို နေမှန်း သိသာတယ်။
အဲလောက် ပျာယာခတ်နေရအောင်  ဘာကိစ္စများဖြစ်နေပါလိမ့် . .

ဒီကိစ္စကို သေချာ အစီအစဉ်ဆွဲပြီး သိအောင် စုံစမ်းမှ
ရတော့မယ်။မမျှောင်လင့်ဘဲ ထိုကိစ္စဟာ ဂျေ့ ရဲ့ လက်စားချေမှု အတွက် အခွင့်အရေးကောင်းကြီးတစ်ခု ရဲ့ လမ်းပြကြီးတစ်ခုဖြစ်နေကြောင်း ဂျေ နောက်မှ သိခွင့်ရပါတော့တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora