Chapter ( 47 )

8.3K 636 2
                                    

မာန်ခ နဲ့ ဂျေ တို့ နှစ်ယောက် လျှောက်လည်ဖို့
အိမ်အပြင်ထွက်လာခဲ့တဲ့နောက်  ခြံတံခါးပေါက်ဝ မှာ ညှပ်ထားသော လှပသော အနီရောင် နှင်းဆီပန်းစည်း ကြီးကိုတွေ့လိုက်ကြရတယ်။

'' ဟာ . . လှလိုက်တာ ´´

မာန်ခက ပန်းစည်းကြီးကို ကောက်ပွေ့လိုက်ကာ နမ်းကြည့်လိုက်တယ်။
မလိမ်မညာတမ်း အမှန်တိုင်းပြောရရင်  ဂျေ ပေးတဲ့ အပန်းရောင် နှင်းဆီ ပန်းစည်း ထက် ယခုပန်းစည်းက ပိုခန့်ညား ထည်ဝါနေတယ်။

''  အဲပန်းစည်း ဘယ်သူ လာထားသွားတာလဲ´´ 

'' ကျွန်တော့် ပရိသတ်တွေ ဖြစ်မှာပေါ့ ´´

မာန်ခ ဟာ နှင်းဆီပန်းစည်း ကြီးကို သဘောတကျ ဖြစ်နေမိတယ်။

ဂျေက ကြည့်မရချင်ဖြစ်လာကာ . . .

'' သွားမယ်လေ ´´

'' အင်း . .အင်း ဒါလေး အိမ်ထဲအရင် သွားထားလိုက်ဦးမယ် ´´

မာန်ခ အိမ်ထဲ ကို ပန်းစည်း သွားထားပြီးမှ ပြန်ထွက်လာတယ်။

'' မနက်က ဂျေ ကမန်းကတမ်း ဘယ်သူ့ဆီ သွားတာလဲ ´´

မာန်ခဟာ Hotel မှာ ဂျေ နဲ့ ညစာ စားရင်းမေးတယ်။
ဂျေက ပန်းကန်ထဲက လှီးဖြတ်ထားတဲ့ beef  အသားတုံးလေးတစ်လုံးကို ပါးစပ်ထဲ ထည့်လိုက်ကာ ဝါးရင်း . . 

''ကိုယ့်ကို ရွှေအိမ်တော်က သမ္မတလောင်းတွေဆီ လွှတ်တာလေ။ အဲတာ ကိုယ်တာဝန်ကျတဲ့ သမ္မတလောင်းဆီ သွားရတာ  ´´

မာန်ခ ထိတ်ခနဲ ဖြစ်သွားတယ်။

'' ဘယ်သူလဲ ´´

''ဝန်ကြီးချုပ်  ဦးနေရောင် လေ ´´

'' ဟင် ´´

မာန်ခ အာမေဋိတ်သံ ထွက်သွားတယ်။
ဘယ်လောက်တောင် တိုက်ဆိုင်လှတဲ့ ကံကြမ္မာလဲ။
ဂျေက မာန်ခ အဖေ ရဲ့  Bodyguard လုပ်ရတော့မယ်တဲ့လား။

'' ဘာဖြစ်လို့လဲ ´´

'' ဘာမှမဟုတ်ပါဘူး . . ဂုဏ်ယူပါတယ် လို့ ပြောမလို့ ´´

ဂျေက ပြုံးတယ်။

'' ကျေးဇူးပဲ ´´

ဂျေက ပန်းကန်ထဲက အသားတုံးကို စိတ်မပါလက်မပါ ဆက်ပြီး လှီးဖြတ်နေတယ်။
ဦးနေရောင်လို့ ပြောလိုက်တဲ့ အချိန် မာန်ခ ရဲ့ မျက်နာမှာ ခန့်မှန်းလို့ မရနိုင်တဲ့ လျှို့ဝှက်ချက် တစ်ခု ကို ဖြတ်ခနဲ ဖတ်လိုက်နိုင်တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora