60

227 22 0
                                    


မာန်ခ ဟာ မနက်မိုးလင်းတာနဲ့ ဂျေ တို့ အိမ်ကို သွားတယ်။ အိမ်ထဲ ဝင်ဝင်လိုက်ချင်းပဲ  Breakfast စားနေတဲ့ ဂျေ နဲ့ ပီကျူးကို တွေ့တယ်။

'' ဟာ ... မာန်ခ လာလေ ''

မာန်ခ က ဂျေ့ရဲ့ ဘေးနားကပ်လျက် ၊ ပီကျူးနဲ့ မျက်နှာချင်းဆိုင်က ကုလားထိုင်မှာ ဝင်ထိုင်တယ်။
ပီကျူးက ကော်ဖီခွက်ထဲ ကော်ဖီငှဲ့ထည့်လိုက်ကာ မာန်ခရှေ့တွန်းပေးတယ်။ ဂျေက မာန်ခ စားဖို့အတွက် ပီကျူးကို မခိုင်းတော့ဘဲ သူကိုယ်တိုင် Burger တစ်ခု
ခပ်မြန်မြန် ထ လုပ်ပြီး မာန်ခရှေ့ကို ချ ပေးလိုက်တယ်။

'' Thank U ''

မာန်ခ ဟာ ဂျေ လုပ်ပေးတဲ့ Burger ကို တစ်ကိုက်ပဲ အသာလေး ကိုက်လိုက်ပြီး ကော်ဖီသောက်နေတဲ့ ဂျေ့ ကို ငေးကြည့်ရင်း မနက် 4:00 AM လောက်က ဂျေ ဘယ်က ပြန်လာတာလဲ ဆိုတာ သိချင်နေတယ်။ ဖြစ်နိုင်ရင် တည့်ပဲ မေးလိုက်ချင်တယ်။ ဒါပေမယ့် တစ်ခုခုကို ကြောက်နေမိသလို မဝံ့မရဲ ဖြစ်နေတာကြောင့်
မသိချင်ယောင်ဆောင်ပြီး ပညာသားပါပါ သွယ်ဝိုက်ပြီးမေးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

'' မနေ့ညက အိပ်လို့ပျော်ရဲ့လား ဂျေ ... ''

'' အင်း ပျော်ပါတယ် ဘာဖြစ်လို့လဲ ''

'' ဟုတ်ရဲ့လား မျက်တွင်းကလဲ ချိုင့်လို့ ''

'' မနေ့ညက ကိုယ် တစ်ချိုးတည်းအိပ်သွားတာ။ တစ်ရေးမှ မနိုးဘူး။ ခုနကမှ နိုးလာတာ ''

'' အော် ... ''

ဂျေ ငါ့ကို လိမ်တယ်။ ဘာကြောင့် လိမ်ရတာလဲ။ ဂျေ မနေ့က ဘယ်ကိုသွား ဘာတွေလုပ်ပြီး ပြန်လာတာလဲ။
မှောင်မိုက်နေတဲ့ အချိန်ကြီးမှာ ကားလည်းမပါ ။
ပြီးတော့ ကိုယ့်အိမ်ကိုယ် ဝင်တာကို ဝင်ပေါက်က မဝင်ပဲ ခြံစည်းရိုးကျော်ဝင်တယ်။
တစ်ကိုယ်လုံး အနက်ရောင်ချည်းဝတ်ထားပြီး
ဦးထုပ်ရော Mask ပါ ဝတ်ထားသေးတယ် ဆိုတော့ ဒါ သံသယ ဝင်စရာကောင်းမနေဘူးလား။
အခုတလော ဂျေ Bodyguard လုပ်တာရော အဆင်ပြေနေရဲ့လား။ အကို ( ရဲတေဇ ) ကနေ တစ်ဆင့် မသိမသာလေး စုံစမ်းဦးမှပဲ။

***************

ရဲတေဇ ဟာ ဂျေ ဆိုတာ ဘယ်လိုလူလဲ
ဘာကြောင့် ဦးနေရောင်ကို ချဉ်းကပ်ရတာလဲဆိုတာ သိချင်နေတယ်။ ဂျေဟာ ဦးနေရောင်ကို မကြာခင် တစ်ခုခု လုပ်တော့မှာပဲ ဆိုတဲ့ အန္တရာယ် အငွေ့အသက်ကိုလည်း ခံစားမိနေတယ်။
ဒါပေမယ့် ... ဂျေ ဟာ ဘာကြောင့် အဲလို လုပ်ရမှာလဲ။ ဦးနေရောင် နဲ့ သူနဲ့ အကြားမှာ ရနိငြိုးများရှိခဲ့လို့လား။
အဲရန်ငြိုးကို လက်စားချေချင်လို့များ အကြံနဲ့
ဦးနေရောင်ကိုရော မာန်ခကိုရော ချဉ်းကပ်လာတာလား။

 Secret Commando  [ Zawgyi + Unicode ] CompletedOù les histoires vivent. Découvrez maintenant