Chapter ( 20 )

14.6K 1K 8
                                    

မာန်ခ တစ်ယောက် club က စားပွဲတစ်နေရာ မှာထိုင်ကာ whiskey တွေ တစ်ခွက်ပြီး တခွက်မော့ချနေမိတယ်။ သီချင်း Beat သံတွေက တဒိန်းဒိန်းနဲ့  ဆူညံနေပေမယ့် နားထဲမှာတော့ အဖေ့ရဲ့ သူစိမ်းဆန်တဲ့ စကားတွေက ကြားယောင်လာပြီး နင့် နေအောင် ခံစားနေရတယ်။
သောက်တာ ၆ ခွက်ရှိသေးတယ်။ မျက်လုံးက ဝါးတားတားနဲ့ မူးချင်လာပြီ။ တခါမှတော့ မသောက်ဖူးပေမဲ့ ဒီနေ့တော့ စိတ်ဒဏ်ရာတွေကို ခဏမေ့ပစ်ဖို့ မူးမှ ဖြစ်မှာမို့ သောက်ကို သောက်ရမယ်။ထို့အတွက် လက်ထဲမှာ ကိုင်ထားတဲ့ ၇ ခွက်မြောက်ကို တကျိုက်တည်း မော့ချတယ်။ အဲတော့ ပိုမူးသွားခဲ့တယ်။ ခြေတွေ လက်တွေက ကိုယ်မပိုင်တော့သလို ပေါ့ပါးနေတယ်။ သို့သော် အသိစိတ်တော့ မပျောက်သေးဘဲ ပီသစွာ ရှိနေသေးတယ်။

'' မာန်ခ ဟုတ်ပါတယ်နော် ´´

ခပ်ချွဲချွဲနိုင်လှသည့် မိန်းကလေး အသံကြောင့် သူညာဘက်ကို ခေါင်းလှည့်ကြည့်တယ်။

''ဟင် အသံက ကြားတယ် လူဘယ်မှာလဲ ´´

မာန်ခ အသံက လေးတေးတေးနဲ့ မူးတူးတူးတော့ရှိနေပြီ။
ထိုမိန်းကလေးက မခို့တရို့နဲ့ ရယ်လိုက်ကာ မာန်ခပခုံးကို လက်နဲ့တို့တယ်။

'' ဒီမှာရှင့် ဒီကခေါ်တာ ´´

မာန်ခ  ဒီဘက်ကိုလှည့်လာတော့
လည်ဟိုက်အနီရောင် ဂျိုင်းပြတ်အင်္ကျီကိုမှ စကပ်နဲ့
တဆပ်တည်းဖြစ်နေတဲ့ ဝတ်စားဆင်ယင်ပုံ ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်ကို ရုတ်ချည်း
တွေ့ရတယ်။နှုတ်ခမ်းနီ အနီရောင် တောက်တောက်
ဆိုးထားပြီး ဆံပင်တို့က အလိပ်လိုက် သွယ်ကျနေတယ်။
သူမပုံစံကို ကြည့်ရတာတော့ နည်းနည်း
သောက်ထားပုံရတယ်။

'' အော် ... ခင်ဗျားခေါ်တာကိုး။ ဘာဖြစ်လို့ခေါ်တာလဲဗျ ´´

'' ကျမက ကိုမာန်ခနဲ့ ခင်ချင်လို့ပါ ရမလား။
ပြီးတော့ ခင်သွားရင်လဲ စကားတွေ ပြောမယ်လေ ´´

''ဟင်း ´´

မာန်ခက သူ့ကိုလာကြောင်နေတဲ့သူမစကားကို လှောင်သလိုလို လုပ်တယ်။

''ရှင် ဘာရယ်တာလဲ ´´

''  သွားပါကွာ ငါဘာသာငါ အေးဆေးနေပါရစေ Ok ´´

 Secret Commando  [ Zawgyi + Unicode ] CompletedOpowieści tętniące życiem. Odkryj je teraz