ဦးနေရောင် က ဖုန်းချလိုက်ပြီး မော့ကြည့်ခိုက်
အလွန်အမင်း အံ့အားသင့်လျက် မယုံကြည်နိုင်သလို ငေးကြည့်နေတဲ့ ဂျေ့ကို တွေ့ရတယ်။'' ခင်ဗျား . . ခင်ဗျား . . သားနာမည်က မာန်ခ လား ´´
'' ဟင် . . .´´
ဦးနေရောင်က သားဆီ ဖုန်းဆက်တော့
စကားထဲမှာ မာန်ခ ဆိုတဲ့ နာမည်လေး သတိလက်လွတ်နဲ့ ယောင်ပြီး ခေါ်လိုက်မိတာကို အခုမှ သတိရသွားတယ်။
ဒုက္ခပဲ . . . ။ ငါ ဟာ သေသင့်တဲ့ ကောင်ပဲ ။ ဒီကောင်က ငါ့ကို သတ်ပြီးရင် ငါ့သားအသက်ကိုပါ ရန်ရှာနေရင် . . ။'' ခင်ဗျား . . သားက ရုပ်ရှင်မင်းသား . . မာန်ခ လား ´´
ဂျေ့ အသံတွေ က တုန်ယင်နေတယ်။
ဦးနေရောင် က မဖြေဘဲ နှုတ်ဆိတ်နေတယ်။
ဂျေက ဦးနေရောင် နဖူးတည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်ပြီး . . .'' ပြော ´´ ဟု ဒေါသတကြီး ဟစ်အော်လိုက်တယ်။
ဦးနေရောင် လန့်သွားတယ်။
ဂျေက ဦးနေရောင် ဖြေမယ့်အဖြေကို ကြောက်ရွံထိတ်လန့်စွာ နားထောင်နေမိတယ်။ မကြာခင်မှာပဲ ဦးနေရောင် ရဲ့ နှုတ်ဖျားက စကားသံမတိုးမကျယ် ထွက်လာတော့တယ်'' ဟုတ်တယ် . . ရုပ်ရှင်းမင်းသား မာန်ခ က ငါ့သားပဲ ´´
'' ဟာ . . .´´
ဂျေ့ မျက်လုံးတွေ ပျာရီမှောင်မိုက်ကာ ဝေဝါးသွားသလို ဖြစ်သွားရတယ်။ မဖြစ်နိုင်ဘူး ။ ဒါ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး ။ ကံတရား က ဒီလောက် မတိုက်ဆိုင်နိုင်ဘူး။
'' မင်း ငါ့ကို အခုချက်ချင်း သတ်ပစ်လိုက်ပါ ။ ဒါပေမယ့် ငါ့သားကိုတော့ ဘာမှ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်ကွာ´´
ဦးနေရောင် ဆက်ပြောနေတဲ့ တောင်းပန်စကားတွေကိုလည်း ဂျေ မကြားတော့ ။ ဂျေ့ စိတ်ထဲမှာ မဖြစ်နိုင်ဘူး ဆိုတာတွေပဲ ပဲ့တင်ထပ်နေတော့တယ်။
မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး။'' အား . . .´´
'' ဒိုင်း . . ဒိုင်း . . ဒိုင်း . . ´´
ဂျေ ဟာ စိတ်တွေ ရှုပ်ထွေးလာရကာ မခံစားနိုင်တော့တဲ့ အဆုံး ကတ္တရာ လမ်းမကြီးကို သေနတ်နဲ့ သုံးချက်လောက် ဆက်တိုက် ပစ်လွှတ်လိုက်တယ်။ မာန်ခရာ ... မင်းဟာ ငါ့အဖေ အမေကို သတ်သွားတဲ့
ရန်သူ ရဲ့ သား တဲ့လား . . .။
အခု ငါဟာ မင်းအဖေ ကို ပြန်သတ်ရတော့မှာတဲ့လား။
သောက်ကံတရားကြီးကကွာ။

ESTÁS LEYENDO
Secret Commando [ Zawgyi + Unicode ] Completed
Novela Juvenilလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...