Chapter ( 38 )

11.8K 832 14
                                    

'' မင်းလောက်ကတော့ စာရင်းထဲတောင် မထည့်ဘူး ။ ခွေးမသား ''

'' ဘာ ''

'' Cut ''

Cut လို့ အော်လိုက်ပြီး
အဲဒီအော်သံရဲ့ နောက်မှာ သက်ပြင်းချသံပါ တွဲကပ်ပါလာတယ်။ ဒါရိုက်တာက အားရ ကျေနပ်မှုမရှိဘဲ
ဖြစ်နေတုန်းပဲ ။ ဒါနဲ့ဆို ဒီ Scene ကိုပဲ ပြန်ရိုက်နေရတာ သုံးလေးခါ မကတော့ဘူး။ Director မမှားပါဘူး။ မာန်ခ ရဲ့ စိတ်တွေ လွင့်နေတဲ့ ဥစ္စာ။ သှု့စိတ်ထဲရောက်နေတာက ' ဂျေ ' ။နောက်ပြီး ... ဂျေ ဘယ်သူလဲ ဆိုတဲ့ မေးခွန်း ။

'' ကျွန်တော် ခဏနားမယ် Director ''

'' ဟုတ်ပြီ မာန်ခ ။ မင်းနဲ့ နေသွေးအခန်းကို နောက်မှ ဆက်ရိုက်တာပေါ့ ...။ ကဲ ... ဇာတ်ပို့ ဇာတ်ရန်တွေ
မင်းတို့ အခန်းအရင် ရိုက်မယ်ဟေ့ ''

မာန်ခ Hotel ရဲ့ လသာဆောင် ဘက်ကို ထွက်လာခဲ့ကာ ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို တစ်ချက်ကြည့်ပြီး သက်ပြင်းချမိတယ်။

ထိုစဉ် ......

'' မင်း မဟုတ်သလိုပဲ ''

မာန်ခက အသံကြောင့် အနောက်ကို တစ်ချက် လှည့်ကြည့်ဖြစ်လိုက်ပြီး အသံပိုင်ရှင်က နေသွေးမှန်းသိလျှင် ဂရုမစိုက်ဘဲ ကောင်းကင်ကြီးကိုသာ
ဆက်ကြည့်နေလိုက်တယ်။ ကိုယ့်အတွေးနဲ့ ကိုယ်မှ ကြပ်ညပ်နေရတဲ့ကြားထဲ ဒီကောင်ကဘာတွေလာပြီး ဒေါသထွက်အောင်လုပ်ဦးမလို့လဲမသိ။

နေသွေးက မာန်ခရဲ့ ဘေးနားယှဉ်ရပ်လာလိုက်ရင်း ...

'' ဒီနေ့တော့ မင်းရဲ့ bodyguard ကြီးမပါပါလား ''

'' မင်းကိစ္စ မဟုတ်ပါဘူး ''

မာန်ခ ကောင်းကင်ကြီးကို အကြည့်မပျက်ဘဲ ပြန် ပြောတယ်။ ဖြစ်နိုင်ရင် ရုပ်ရှင်ရိုက်နေချိန်ကလွဲလို့ ကျန်အချိန်တွေမှာ နေသွေးကို မာန်ခ မျက်နှာချင်းကို မဆိုင်ချင်တာ။

မာန်ခနဲ့ နေသွေးတွေ့ကြတိုင်း နေသွေးဘက်က ပုံမှန်မဟုတ်တဲ့ ကောက်ကျစ်စရာ ကိစ္စများ လုပ်လေ့ရှိတဲ့ထဲကမှ ထူးထူးဆန်းဆန်းပုံမှန်မဟုတ်တဲ့ ကိစ္စလေးတစ်ခုကို အမှတ်တမဲ့နဲ့ မာန်ခ , သတိထားနေမိတာ ကြာလေပြီ။ မြွေမြွေချင်း ခြေမြင်တယ် ပဲပြောမလား။
နေသွေး က ဂျေနဲ့ တွေ့တဲ့ ခဏလေးဆိုတဲ့ အချိန်တွေမှာ ဂျေ့ကို မသိမသာနဲ့ အာရုံစိုက်နေတာတွေကို မာန်ခ အကဲခတ်မိနေတယ်။ ဂျေ့ကို မြင်ရင် နေသွေးရဲ့ မျက်လုံးတွေကလည်း အရောင်တွေ လက်လို့ ။
အခုတောင် ဘာမဆိုင် ညာမဆိုင်နဲ့ ဂျေ့ကို တန်းမေးနေတာ။ တကယ်ဆို သူနဲ့ဂျေနဲ့ ကြားထဲမှာ ဘာအကန့်မှ မရှိတာပဲ။ ဂျေကလည်း သူ့ကိုဆို သောက်မြင်ကတ်နေတာ။

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora