Chapter ( 68 )

6.4K 450 4
                                    


'' တီတီ ´´

ခြံတံခါးမြည်သံကြောင့် ခြံပြင်ထွက်ခဲ့တော့ . .

'' ပါဆယ်ထုပ်ရောက်တယ် ´´

မာန်ခ ပါဆယ်လာပို့တဲ့ သူဆီမှာ လက်မှတ်ထိုးပြီး ပါဆယ်ထုပ်ကို အိမ်ထဲ သယ်ခဲ့တော့တယ်။
ဖောက်ကြည့်လိုက်တာနဲ့  တွေ့လိုက်ရတာက
DNA စစ်ဆေးချက် စာရွက် ။
မာန်ခ နဲ့ ဦးနေရောင်ကို   DNA စစ်ထားတာ။
ပြီးတော့ ပါဆယ်ထုပ်ထဲ အဲဒီ စာရွက်နဲ့အတူ ဟိုတလောက ပျောက်သွားတဲ့ မာန်ခ သွားတိုက်တံလေးပါ ဂျပ်ဗူးထဲ ထည့်ပေးလိုက်တယ်။
ဒါတွေ ပို့လိုက်တာ ဘယ်သူဖြစ်မလဲ
တွေးနေတုန်း ဖုန်းဝင်လာတယ်။

'' ဟယ်လို ´´

'' ငါပါ နေသွေး ။ မနက်ဖြန် မင်းမွေးနေ့မလား။
ငါ မင်းအတွက် မွေးနေ့လက်ဆောင် ပို့ခိုင်းလိုက်တယ် ရောက်ပြီလား။ Happy Birthday ပါ ဟင်း ဟင်း . . ´´

'' မင်း ဘာအဓိပ္ပာယ်နဲ့ ဒါတွေကို ပို့လိုက်တာလဲ  ´´

'' ရှင်းရှင်းလေးပါ ။ မင်းကို ခြိမ်းခြောက် အကြပ်ကိုင်ပြီး ငါခိုင်းတာ လုပ်စေချင်လို့ပဲ ´´

'' တကယ်လို့ ငါက မလုပ်ဘူး ဆိုရင်ရော ´´

'' အဲတာဆိုရင်တော့ မင်းအဖေ က ပြည်သူ့ချဉ်ဖတ်  ဦးနေရောင်ပါ ဆိုတာကို လူတွေ သိအောင် ပြောလိုက်ရုံပဲပေါ့ ´´

'' မင်းလိုချင်တာဘာလဲ  ´´

'' ငါ မင်းထက်သာချင်တယ်.
ငါ မြန်မာပြည်ရဲ့ နံပါတ်တစ် မင်းသား ဖြစ်ချင်တယ် ။
မင်း အနုပညာ လောကထဲကနေ နှုတ်ထွက်ပေးပါ ´´

မာန်ခ သူပြောတာကို နားထောင်ရင်း အံကို တင်းတင်းကျိတ်ထားလျက် သူ့စကားဆုံးတော့ ချက်ချင်း အဖြေပေးလိုက်တယ်။

'' ကောင်းပြီ မင်းလိုချင်တာ ဒါပဲမလား. ငါလုပ်ပေးမယ် ´´

'' တ . . တကယ်ပြောတာလား . . ´´

'' ငါ စကားကို နှစ်ခွန်းမပြောဘူး နေသွေး ။ ဒါပဲ ´´

မာန်ခ ဖုန်းချလိုက်တယ်။ မတတ်နိုင်။
ကိုယ့်အဖေက ဦးနေရောင် ပါ ဆိုတာ ဘယ်သူမှ သိလို့ မဖြစ်သေးဘူူး ။ အထူးသဖြင့် ဂျေ တို့ သိလို့ မဖြစ်ဘူး။
ငါ ဂျေ့ကို နောက်ကျောကနေ ဓားနဲ့ ထိုးရဦးမယ်။
ဂျေ့အလစ်မှာ အဖေ့အတွက် ဂျှေ့ကို လက်စားပြန်ချေရဦးမယ် . . . ။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now