Chapter ( 61 )*

7.6K 571 10
                                    


'' shooting မှာ အဆင်ပြေခဲ့ရဲ့လား မာန်ခ ´´

'' အင် . . ဟင် ပြေပါတယ် ´´

ရဲတေဇ ဆီကနေ ပြန်လာပြီးတဲ့နောက် မာန်ခ ဂျေ နဲ့ ညနေစာ စားဖို့ ဒီ ဆိုင်လေးကို ရောက်လာခဲ့ကြတာ။ လွတ်နေတဲ့ ထောင့်စွန်းက စားပွဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ပြီး မှာထားတာတွေ စောင့်နေတုန်း ဂျေ နဲ့ ပက်သက်ပြီး အတွေးတွေ လွင့်နေချိန် ဂျေ့ ဆီကနေ ရုတ်တရက် မေးလိုက်သံကြောင့် မာန်ခ အာရုံတွေ ဒီစားသောက်ဆိုင်လေးထဲကို ပြန်ရောက်လာရတယ်။

'' တကယ် အဆင်ပြေရဲ့လား ငေးငေးငိုင်ငိုင်နဲ့ ။ ဘာတွေ တွေးနေတာလဲ ´´

'' ပြေပါတယ် ။ ဘာမှ မတွေးပါဘူး ´´

စားပွဲဲထိုးလေးက မှာထားတာတွေ လာချပြီး ထွက်သွားတယ်။ ဂျေက မာန်ခ ဖန်ခွက်လေးထဲ ဝိုင်ငှဲ့ပေးတယ်။ မာန်ခ က ဂျေ နဲ့ ခွက်ချင်းတိုက်ဖို့တောင် မစောင့်နိုင်တော့ဘဲ ရင်ပူပူနဲ့ မော့ချသောက်ပစ်တယ်။

'' ဟင် . . . ကိုယ် နဲ့ Cheer တောင် မလုပ်တော့ဘူးလား´´   ဂျေက အံ့သြသလိုပြောတယ်။

'' ထပ်ထည့်ပေးလေ . . . cheer လုပ်တာပေါ့ ´´

ဂျေက အလိုက်တသိ ထပ်ထည့်ပေးတယ်။
အဲဒီနောက် နှစ်ယောက်သား ခွက်ချင်းတိုက် cheer လုပ်ကြတယ်။ ဂျေက တစ်ငုံပဲသောက်ပေမယ့် မာန်ခကတော့ ဝိုင်ကိုရေသောက်သလို တစ်ခါတည်း မော့ချသောက်ပစ်တယ်။

အဲနောက် မှာထားတဲ့ Food ကို မစားသေးဘဲ
ရှေ့က ဝိုင်ပုလင်းကို ဆွဲယူ ငှဲ့ထည့်လိုက်တယ်။
ဂျေက သူ့ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်နေတယ်။
သူ ဒီတစ်ခွက်ကိုလည်း တစ်ကျိုက်တည်း မော့ချသောက်ပြီးတဲ့နောက် ဂျေက မနေနိုင်တော့ပဲ မေးရတော့တယ်။

'' ဘာမှ ဖြစ်မလာတာ သေချာရဲ့လား မာန်ခရယ် ´´

'' သေချာပါတယ် ဂျေ ရယ် ´´

'' အဲတာဆို ဘာလို့ ဇွတ်သောက်နေတာလဲ ကွာ ´´

'' သောက်လို့ကောင်းလို့လေ။ ဘာလဲ သောက်လို့မရဘူးလား ။ ဝိုင်သောက်တာ ကျန်းမာရေးတောင် ကောင်းသေးတာပဲ မလား ´´

ပြောမရတဲ့ အဆုံးဂျေ ကြည့်နေရတယ်။
မာန်ခကတော့ တစ်ခွက်ပြီး တစ်ခွက်ကို သောက်တော့တာပဲ။ အခု နောက်တစ်ပုလင်းတောင် ထပ်မှာသောက်နေပြီ။ ဝိုင်က ပုလင်းရဲ့ ဖင်ကပ်ပဲ ကျန်တော့သောအခါ မာန်ခ မူးနေလေပြီ။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now