မာန်ခ အခန်းထဲကနေ ပြေးထွက်သွားတော့
တဘက်ကို ခါးမှာခပ်မြန်မြန်ပတ်လိုက်ပြီး ဂျေ
ပြေးလိုက်ရတယ်။ ဒါပေမယ့် နောက်ကျ သွားတယ်။ မာန်ခကအခန်းထဲ ဝင်သွားပြီ။''မာန်ခ ဒီမှာ မင်းဝတ်မယ့် အဝတ်အစားတွေကျန်ခဲ့တယ် ´´
အခန်းထဲကနေ ဘာမှပြန်မဖြေဘဲ နှုတ်ဆိတ်နေတယ်။ ဂျေ သဘောပေါက်လိုက်တယ်။ ဒီအခြေအနေမှာ မာန်ခဟာ သူ့ကို စကားပြောဖို့ရော မျက်နှာချင်းဆိုင်ဖို့ရော ခက်နေမယ်ဆိုတာလေ။
'' Ok Ok ငါ ဒီ အဝတ်အစားတွေကို တံခါးပေါက်ဝမှာပဲ ထားခဲ့မယ် ´´
အဲဒီနောက် ဂျေ ကိုယ့်အခန်းကိုယ် ပြန်ခဲ့တော့တယ်။
မပြန်ခင် မာန်ခကြားအောင် ပြောရတယ်။''ငါ့အခန်းငါ ပြန်ပြီနော် ။ မင်း ထွက်ယူလို့ရပြီ ´´
ဂျေ သူ့အခန်းသူ ပြန်သွားမသွား အထဲကနေ
အခန်းတံခါးကို နားနဲ့ကပ်ပြီး မာန်ခ နားထောင်နေတယ်။
ထို့နောက် အခန်းတံခါးကို ဖြေးဖြေးချင်းဖွင့်တယ်။ ဘေးဘီဝေ့ကြည့်ရင်း အဝတ်အစားတွေကို လှစ်ခနဲလှမ်းယူပြီး အခန်းထဲပြန်ဝင်သွားပါတယ်။အဲဒီလိုနဲ့ ညစာစားတဲ့ အချိန်ရောက်တဲ့အထိ မာန်ခအခန်းထဲကနေ အခန်းပြင် မထွက်ဘဲနေနေမိတယ် ။ ဂျေနဲ့ မျက်နှာချင်းဆိုင်ဖို့အတွက် အရှက်တရားက ကန့်ကွက်နေတယ်။ ဒါပေမဲ့ အစာအိမ်ကတော့
ဗိုက်ဆာကြောင်း တွန်းအားပေးနေပြီ။''ဂြီ ဂြီ ´´
မာန်ခ ကျိတ်မှတ်ပြီး သည်းခံနေရတယ်။
ဂျေနဲ့ လုံးဝ မျက်နှာချင်း ဆုံလို့ မဖြစ်ဘူးလေ။
. . . . . . . . . . . .
''ကျတော် ကိုမာန်ခကို ညစာ စားဖို့ သွားခေါ်လိုက်မယ်´´
စားပွဲပေါ်မှာ အစားအသောက်တွေ ပြင်ဆင်ပြီးသည်နှင့် ပီကျူးက ပြောတော့ ဂျေ တားရတယ်။
''သွားမခေါ်နဲ့ သူလာမှာ မဟုတ်ဘူး´´
''ဘာဖြစ်လို့လဲ။ သူနေမကောင်းလို့လား´´
''မဟုတ်ဘူး ။ သူရှက်နေတာ ´´
''ဘာဖြစ်လို့ ရှက်တာလဲ ´´
![](https://img.wattpad.com/cover/123055750-288-k692985.jpg)
ESTÁS LEYENDO
Secret Commando [ Zawgyi + Unicode ] Completed
Novela Juvenilလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...