Chapter ( 4 )

16.5K 1.2K 22
                                    

လေယာဉ်ကြီး ရေကုန်လေဆိပ်ကိုဆင်းတော့
ခုနက  သူများခန္ဓာကိုယ်ပေါ်ကို အားမနာတမ်း
အန်ထားခဲ့သော မာန်ခဟာ အခုချိန်မှာ
ဘာမှမဖြစ်သလို လန်းဆန်းတက်ကြွစွာနဲ့
ခေါင်းမော့ရင်ကော့ပြီး airport station မှာ style မိစွာ ခရီးဆောင်အိတ်ကို ဆွဲကာဖြင့် Smart ကျကျ
လမ်းလျှောက်နေတယ်။ မိမိအန် ခဲ့သော
ဂျေကို့လည်း မသိချင်ယောင်ဆောင်ပြီး
လေယာဉ်ဆင်းပြီဆိုတာနဲ့ မြန်မြန်သွက်သွက်ပဲ
ထွက်လာခဲ့တာ။ ကံကောင်းတာ တစ်ခုက VIP တွဲမှာ ပါလာတဲ့ လူတွေ အကုန်လုံးက နိုင်ငံခြားသားတွေချည်း ဆိုတော့ မာန်ခကို ရုပ်ရှင်မင်းသားမှန်း ဘယ်သူမှမသိ။ မဟုတ်ရင် အန်နေတဲ့ Videoဟာ ဒီအချိန်ဆို facebook
တစ်ခွင်မှာ ဖြစ်ချင်တိုင်းဖြစ်ကာ ပြန့်နှံ့နေလောက်ပြီ။
ရုပ်ရှင်မင်းသားတစ်ယောက်၏ လေယာဉ်ပေါ်မှအန်ဖတ်များ ဆိုတဲ့ ပေါက်ကရခေါင်းစဉ်တွေနဲ့။

မာန်ခ လာကြိုမဲ့သူ ဝေ့ဝဲရှာနေတုန်း Manager
ဆီကဖုန်းဝင်လာပါတော့တယ်။

'' ဟယ်လို ဘယ်မှာလဲ ငါရောက်နေပြီ။
မြန်မြန်လာခေါ် ပင်ပန်းနေတယ် နားချင်နေပြီ ´´

'' အဲဲတာက ထားလိုက်ဦး အကို။
မြန်မြန် အနောက်ဘက်အပေါက်ကနေ ထွက်ခဲ့ ´´

'' ဘာဖြစ်လို့လဲ။ ငါက ဒီဘက် main ဝင်ပေါက်နားတောင်ရောက်နေပီ ´´

'' အဲဘက်ကနေထွက်ရင် အကိုတော့
စိစိညက်ညက်ကျေမှာ ´´

'' ဘာဖြစ်လို့လဲ ´´

'' လူတွေဝင်လာနေပြီ ´´

'' ဘယ်သူတွေလဲ ဘာဖြစ်လို့လဲ ´´

'' ကဲ စိတ်မရှည်တော့ဘူး အကိုရာ
မြန်မြန်သာလာခဲ့။ အနောက်ဘက် အပေါက်ကနေ ကျွန်တော် စောင့်နေတယ် ´´

မာန်ခလည်း ဘုမသိ ဘမသိနဲ့ အနောက်ဘက်အပေါက်ဆီကို မြန်မြန်ပြေးကာ မိမိကိုအသင့်စောင့်နေတဲ့ Manager ကားပေါ်ကိုတက်လိုက်တယ်။

'' ကဲ မောင်းတော့ ´´

'' ဟင် ... မင်း . . .မင်း ´´

'' ဟင် ခင်ဗျား ´´

'' ခင်ဗျားက ကျွန်တော်တို့ကားပေါ်မှာ
ဘာတက်လုပ်နေတာလဲ ´´

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora