'' မင်းထဲမှာ ဒီထက်ကြီးတဲ့အဝတ်အစားမရှိတော့ဘူးလား´´
မာန်ခရဲ့ အင်္ကျီဟာ ဂျေ့ရဲ့ Muscle တောင့်တောင့် Body နဲ့ဆိုတော့ သနားစရာကောင်းလောက်အောင်ပဲ ကျပ်ထုပ်နေတယ်။ လူကြီးတစ်ယောက်ဟာ ကလေးတစ်ယောက်ရဲ့ အင်္ကျီကို ကောက်စွပ်ထားသလိုပဲ။
'' ဟာ ... ကျွန်တော့် အင်္ကျီတော့ ပြဲကုန်တော့မှာပဲ ´´
''အဲတာဆို ငါဘာဝတ်ရမလဲ။ တုံးလုံးနေရမှာလား´´
''နေပေါ့´´ မာန်ခခပ်ရွဲ့ရွဲ့လေးဖြေတယ်။
''ကောင်းပြီ ´´ ဂျေက အကျီချွတ်ဖို့
ဟန်ပြင်တော့ မာန်ခ မျက်လုံးပြူးသွားရပြီး ...'' ဟာ .. နေ ... နေ ။ ကျွန်တော် တခြားအင်္ကျီ
ယူပေးမယ် ´´အလန့်တကြားနဲ့ အဲဒီ အရှက်မရှိတဲ့ သူကို
လှမ်းတားရတယ်။ ဂျေက ကျေနပ်သွားဟန်နဲ့ ပြုံးတယ်။'' အဲဒီလို လုပ်စမ်းပါ ´´
ခဏကြာတော့ မာန်ခဟာ ဂျေ့လက်ထဲ အဝတ်အစားတစ်ချို့ ထည့်ပေးတယ်။
'' ရော့ ဒီမှာ ။ ခင်ဗျားအဝတ်အစား ။
ဟိုတခါ ခင်ဗျားအိမ်မှာနေတုန်းက ကျွန်တော်ဝတ်လာတာလေ။ ပေးမယ် ပေးမယ်နဲ့ သတိမေ့နေတာ ´´လက်ထဲရောက်လာတဲ့ အဝတ်တွေကို နမ်းကြည့်လိုက်တော့ ဆပ်ပြာအနံ့က မွှေးနေတုန်းပဲ။
''မင်း လျှော်ပေးထားတာလား ´´
'' မဟုတ်ဘူး အဝတ်လျှော်စက်က လျှော်ပေးတာ ´´
'' ဘာပဲဖြစ်ဖြစ် ။ ကျေးဇူးပဲ ´´
'' မလိုပါဘူး ။ တကူးတက လုပ်ပေးတာမဟုတ်တာ ´´
ဂျေက မာန်ခရှေ့မှာပဲ ဝတ်ထားတဲ့ ကျပ်ထုပ်နေတဲ့
အင်္ကျီ နဲ့ ဘောင်းဘီကို ရုတ်တရက် ချွတ်ချတယ်။'' ဟာ ... ခင်ဗျား . . . ´´
မာန်ခ ချက်ချင်းပဲ တဖက်ကို မျက်နှာလွှဲပစ်ရတယ်။
''ခင်ဗျား မရှက်ဘူးလား ´´
မာန်ခရဲ့ အသံတွေဟာ တုန်ယင်နေတယ်။
ဂျေကတော့ ဘောင်းဘီလဲနေရင်း ခပ်တည်တည်ပဲ။'' ယောက်ျားချင်းပဲ မရှက်ဘူး ။ ငါ့မှာပါတဲ့ အရာ မင်းမှာလည်း ပါတာပဲ ။ ကြီးတာ သေးတာပဲ ကွာတာ ။
ဒါ မဆန်းပါဘူး ´´

ESTÁS LEYENDO
Secret Commando [ Zawgyi + Unicode ] Completed
Novela Juvenilလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...