64

223 22 0
                                    


'' လမ်းက ဒီဘက်လမ်းလေ ။ ဘာဖြစ်လို့ ဘယ်ဘက် ကွေ့သွားရတာလဲ ´´

ဂျေ က ဦးနေရောင် ရဲ့ စကားကို မကြားသလိုနေလိုက်ပြီး မောင်းစရာ ရှိတာ ကို မောင်းလာခဲ့တယ်။

'' ဟေ့ရောင် ဘယ်တွေ မောင်းနေတာလဲ´´

မြို့ပြနဲ့အနည်းငယ် ဝေးလာခဲ့တော့ ဂျေ က ကားကို တန့်ခနဲ ရပ်ပစ်လိုက်ပြီး ဦးနေရောင်ကို ကားပေါ်ကနေ ဆွဲချတယ်။

'' ဟာ . . မင်း ဘာလုပ်တာလဲ . . ´´

ဂျေ က ခါးကြားမှာ ထိုးထားတဲ့ သေနတ်ကို ထုတ်ကာ ဦးနေရောင် ကို ချိန်လိုက်တယ်။

'' မင်း . . မင်း . . ဘာလုပ်တာလဲ . . မင်းဘယ်သူလဲ . .
မင်း က ရွှေအိမ်တော် က လွှတ်လိုက်တဲ့ Bodyguard
မလား  ´´

ဦးနေရောင် ရဲ့ အသံတွေ တုန်ယင်နေသလို ခြေဖျားလက်ဖျားတွေကလဲ အေးစက်နေပြီ။
ဂျေကတော့ စူးရှ ရဲတင်းတဲ့ အကြည့်တွေနဲ့ သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး သူ့နဖူးတည့်တည့်ကို  သေနတ်နဲ့ ချိန်ထားဆဲ။

'' ဟုတ်တယ် ကျုပ် ခင်ဗျားရဲ့ Bodyguard ဖြစ်လာဖို့ အတွက် ရွှေအိမ်တော်မှာ Bodyguard ဖြစ်အောင် ကြိုးစားခဲ့တာ ။ အဲတာ ခင်ဗျားကို လက်စားချေချင်လို့ပဲ ။ ကျုပ်မိဘ တွေကို ခင်ဗျားသတ်ခဲ့တာ ။ အဲဒီအတွက် အခု ပြန်ပေးဆပ်ဖို့ အချိန်ကြပြီ ။ အခု လူတွေကလဲ ခင်ဗျား ဘာကောင်ကြီးလဲ ဆိုတာကို သိသွားကြပြီ ။
အခုချိန်ဟာ ခင်ဗျား သေရတော့မယ့် အချိန်ပဲ . . .´´

'' မ . . မလုပ်ပါနဲ့ကွာ . . ငါ တောင်းပန်ပါတယ် . .´´
ပြောရင်း ဦးနေရောင် က ဒူးထောက်တယ်။

'' ငါ ... ငါ သမ္မတ လုပ်ရဦးမယ်။ မင်းကို ပိုက်ဆံတွေပေးမယ်လေ ... ငါ့ကိုလွှတ်ပေးပါကွာနော် ... ငါ့ကိုလွှတ်ပေးပါ  ´´

အခုလို သေခါနီး အချိန်မှာတောင် အာဏာဆက်ရူးနေချင်စိတ်ရှိနေသေးတဲ့ ဦးနေရောင်ပါလား။ မကြာခင် သေရတော့မှာမို့ သွေးရူးသွေးတမ်း ဖြစ်နေတာပဲ။

'' ဦးနေရောင် . . ဦးနေရောင် ခင်ဗျား ရူးများသွားပြီလား ´´

'' ငါ မရူးဘူး . .  ငါမရူးဘူး . . ငါ သမ္မတ ဖြစ်ရဦးမယ်။
ငါ့ကို မသတ်ပါနဲ့ ။မင်းအမေနဲ့ အဖေကို သတ်ခဲ့တဲ့ အတွက် ငါတောင်းပန်ပါတယ် . . .။ ငါ့ကို ခွင့်လွှတ်ပေးပါ´´

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora