Chapter ( 31 ) *

13.6K 990 28
                                    

'' အဖေ ။ အမေ ´´

'' သား . . . ပြေး  ´´

ဂျေ အိပ်မက်ကနေ လန့်နိုးလာတယ်။
လက်ကလဲ ပိုက်တန်းလန်းနဲ့ စလိုင်းချိတ်ထားခံရတယ်။
ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ လူနာတွေ ဝတ်ရတဲ့
ဝမ်းဆက်အင်္ကျီ၊ ဘောင်းဘီနဲ့။
ဆေးရုံရောက်နေတာပဲ။
အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ဘယ်သူမှမရှိ။
ကိုယ့်ကိုကိုယ် အားတင်းပြီး ထတယ်။
ထိုင်နိုင်သွားတဲ့ အချိန်မှာပဲ ...

''သတိရလာပြီလား ´´

မာန်ခ အခန်းထဲကို ဝင်လာတယ်။

'' မင်း ဘယ်သွားနေတာလဲ ´´

'' ဆရာဝန်ကြီးနဲ့ ခဏသွားတွေ့တာ
ခင်ဗျား သတိမရသေးလို့လေ ´´

ဂျေက လက်က စလိုင်းချိတ်ထားတဲ့ အပ်ကိုဆွဲဖြုတ်ပစ်တယ်။

''  အခု ဘယ်အချိန်ရှိပြီလဲ ´´

မာန်ခက လက်မှာပတ်ထားတဲ့ နာရီကိုကြည့်တယ်။

'' ၁၁ နာရီ ၁၅ ။ ခင်ဗျားသတိမေ့သွားတာ
၁၀ နာရီလောက်ရှိပြီ ´´

ပြောပြီး မာန်ခက လိုက်ကာကြီးကို ဖွင့်လိုက်ရင်ပဲ
မှန်နံရံတွေရဲ့ တဖက်က မီးရောင်စုံနဲ့ လှပနေတဲ့မြို့ပြရဲ့
ညအလှကို ဂျေ တွေ့ရတယ်။ တကယ်ပဲ ညပါပဲလား။

''ခင်ဗျား သက်သာရဲ့လား။ ခေါင်းကိုက်တာတွေ ဘာတွေ ရှိလား ´

´မာန်ခက ဂျေ့ရဲ့ နဖူးကို စမ်းကြည့်ရင်းပြောတယ်။

'' မရှိဘူး ´´

''မဖြစ်ပါဘူး ။ ဆရာဝန်ကြီးတွေကို သွားခေါ်လိုက်မယ် ´´

အပြင်ထွက်ဖို့ ခြေလှမ်းပြင်တော့
ဂျေက လျင်မြန်သွက်လက်စွာနဲ့ မာန်ခကို
ကုတင်ပေါ်ဆွဲချလိုက်ပြီး သူ့ခန္ဓာကိုယ်ကြီးနဲ့
အုပ်မိုးပစ်လိုက်တယ်။

'' မသွားနဲ့ ။ ဒီအတိုင်း ငါ့ဘေးမှာနေ ´´

မာန်ခ က မျက်လုံးလေးပေကလပ်ပေကလပ်နဲ့ ကြည့်နေတယ်။

''ဘာဖြစ်လို့လဲ။ ဆရာဝန်ကြီးတွေက မှာထားတယ် ခင်ဗျား သတိရလာရင် လာပြောဖို့ ´´

''မလိုပါဘူးကွာ ။ ငါခေါင်းလည်း မကိုက်ဘူး ´´

''အခုမကိုက်ပေမဲ့ နောက်ကိုက်လာရင် ဘယ်လိုလုပ်မလဲ ´´

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now