Chapter ( 37 ) *

12.4K 859 30
                                    


လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က ...

Tiger နဲ့ Lion တို့မရှိတော့တဲ့အချိန်မှာ သမ္မတလဲ အာဏာမှေးမှိန်သွားပြီး နေရောင့်ရဲ့အာဏာက ပိုကြီးလာတယ်။အဲဒီလိုဖြစ်လာဖို့ သူ နောက်ကွယ်မှာ ကျူးလွန်ခဲ့မိတဲ့ အပြစ်ကြီးကလဲ စက်ဆုပ်ရွံရှာဖွယ်ကောင်းလောက်အောင် ညစ်ပတ်နေတယ်။
ဒါပေမဲ့ နေရောင် နောင်တ လုံးဝ မရဘူး။ နောင်တမရတဲ့အပြင် လူပါးဝတဲ့ လုပ်ရပ်တစ်ရပ်ကို လုပ်လိုက်သေးတယ်။ အဲတာကတော့ သမ္မတရဲ့ သမီးကို လက်ထပ်ခွင့်ရချင်တယ်လို့ ဖွင့်ပြောလိုက်ခြင်းပဲ။

" ကျတော် နှင်းမော်ကို လက်ထပ်ခွင့်ရချင်ပါတယ်။ အဲတာကို သမ္မတအနေနဲ့ သဘောတူပေးဖို့ မျှော်လင့်ပါတယ် "

သမ္မတက သူ့သမီးကို Tiger နဲ့သဘောတူထားခဲ့တယ်ဆိုတာ နေရောင်သိတယ်။ အဲတာကိုမကျေနပ်တာကြောင့်ရော၊ တကယ်ပဲ သူ့သမီးကို မေတ္တာသက်ဝင်မိတာကြောင့်ရော၊ နောက်ပြီး သမ္မတသမီးနဲ့လင်မယားတွေဖြစ်သွားမယ်ဆိုရင် သူ့အာဏာ အလုံးစုံကြီးထွားလာမှာကိုရော မျှော်မြင်မိတာကြောင့် မျက်နှာပြောင်ပြောင်နဲ့ပဲ အခုလို ပေါ်တင် တောင်းဆိုလိုက်တာဖြစ်တယ်။ သမ္မတ ဒေါသထွက်သွားပြီး မျက်နှာကြီးနီရဲသွားတယ်။ ဒါပေမဲ့ အဲဒီဒေါသကိုတတ်နိုင်သလောက် ထိန်းထားတဲ့ မျက်နှာပေးနဲ့ သမီးရဲ့ဆန္ဒကအဓိကပဲလို့ဆိုတယ်။ အခုချိန်မှာ ‌နေရောင်က သူ့ထက်အာဏာပြင်းနေပြီမို့ သမ္မတလဲ စကားကိုထိန်းပြောနေရတယ်။ စိတ်ထဲမှာတော့ သူ့သမီးကို အာဏာနဲ့သိမ်းပိုက်ချင်နေတဲ့ ခွေးမသားကို အပိုင်းပိုင်းခုတ်သတ်ပစ်ချင်နေမိတယ်။

နေရောင့် ကမ်းလှမ်းမှုကို သမ္မတက
သမီးဖြစ်သူကိုပြောပြတော့ သမီးက Tiger ကိုပဲချစ်တယ်တဲ့။ ဒါပေမဲ့ သမီးတို့သားအဖ အသက်ဆက်ရှင်ဖို့ နေရောင့်ကိုမဖြစ်မနေ ယူရမယ်ဆိုရင် သမီး ယူလိုက်မယ်။ဒီနည်းနဲ့ အဖေ့ကို ကျေးဇူးဆပ်ပါတယ်တဲ့။

သမ္မတ မျက်ရည်တွေစီးကျလာတယ်။
ငါ့သမီးကို အဲကောင်လက်ထဲ ထည့်မပေးနိုင်ဘူး။
နေရောင့်ကို တစ်ချက်တည်းနဲ့ ရိုက်ချနိုင်မဲ့ ပျော့ကွက် အားနည်းချက်တစ်ခုခုကို ရှာဖွေမှဖြစ်တော့မယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora