လွန်ခဲ့သော နှစ် ၂၀ ကျော်က ...
'' ဒီ Mission က အရမ်းအရေးကြီးတယ်။
သေမလား ရှင်မလား မသေချာဘူး။ အသက်နဲ့ရင်းရလိမ့်မယ် ´´'' ပြောသာပြောပါ ဗိုလ်ကြီး ။ ကျွန်တော်တို့ တိုင်းပြည်အတွက်ဆို သေရင်တောင် မမှုပါဘူး´´
'' မင်းတို့ နှစ်ယောက် VIO ခေါင်းဆောင်ကို
လုပ်ကြံရမယ် ´´Lion နဲ့ Tiger နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြတယ်။
ခေါင်းဆောင်ဖြစ်တဲ့ နေရောင်က ထပ်စကားဆက်တယ်။
'' အဲတာကြောင့် ဒီ Mission က မင်းတို့ နှစ်ယောက် ဦးဆောင်ပြီး တပ်သားတချို့ကို ခေါ်ပြီး VIO ခေါင်းဆောင်ကို သတ်ရမယ်။
တစ်ခုလေးမှတောင် လွဲချော်လို့ မရဘူး။
မဟုတ်ရင် တိုင်းပြည်ရဲ့ အနာဂတ် မသေမချာဖြစ်သွားလိမ့်မယ် ။ နားလည်လား´´'' ဟုတ်ကဲ့ ´´
သူတို့ နှစ်ယောက် ခေါင်းဆောင်နေရောင့်ဆီက Mission ကို အသေးစိတ်သိပြီးတဲ့နောက် အဖွဲ့ထဲက နောက်ထပ် အတော်ဆုံး Commando ခြောက်ယောက်ကို ရွေးတယ်။
အဲဒီနောက်မှာတော့ ရန်သူ့ပိုင်နက် Plan ကို စားပွဲပေါ်မှာချခင်းလိုက်ရင်း Lion ကအားလုံးကို ရှင်းပြတယ်။။'' ဒီနေရာက ထွက်ပေါက်ပဲ ။ Mission ပြီးတာနဲ့ ထွက်ပေါက် အတိုင်းလာခဲ့ကြ။
သတ်မှတ်နေရာရောက်ရင် အားလုံးကို ခေါင်းဆောင်က ဟက်စကီးနဲ့ လာကယ်လိမ့်မယ်။ အားလုံးရှင်းလား´´'' ဟုတ် ´´
'' ဒီ Mission ကို ပြီးအောင် လုပ်ပြီး တိုင်းပြည်ကို ကယ်တင်ကြစို့ ´´
'' တိုင်းပြည်ကို ကယ်တင်ကြစို့ ´´ အားလုံး မာန်ပါပါ ဟစ်ကြွေးလိုက်ကြတယ်။
လရောင်မရှိဘဲ တိတ်ဆိတ်နေတဲ့ ညတစ်ညမှာ
ရှည်လျားလှတဲ့ မြက်ခင်းတွေကြားထဲ တီကောင်တွေလိုမျိုး တွန့်လိမ်ရင်း ရန်သူ့ရဲ့ ပိုင်နက်ကို
တဖြေးဖြေး ချဉ်းကပ်လာခဲ့ကြတယ်။ သူတို့ အဖွဲ့က စုစုပေါင်း လူ ရှစ်ယောက် ။ အားလုံးက အတော်ဆုံး လက်ရွေးစင် Commando တွေချည်းပဲ။ရှစ်ယောက်ထဲမှာတော့ Lion နဲ့ Tiger က အဖွဲ့ကို ဦးဆောင်ရတဲ့ခေါင်းဆောင်ပေါ့ ။ Lion က ပထမ ခေါင်းဆောင် ဖြစ်ပြီး Tiger ကတော့ ဒု ခေါင်းဆောင်။

ВЫ ЧИТАЕТЕ
Secret Commando [ Zawgyi + Unicode ] Completed
Подростковая литератураလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...