Chapter ( 17 )

16.5K 1.1K 14
                                    

မနေ့ညက မနက်မိုးလင်းတဲ့အချိန်ကြမှပဲ
အိပ်ပျော်တဲ့အတွက် နေ့လယ် မွန်းတည့်လောက်မှ
ဂျေ အိပ်ရာက နိုးလာတယ်။ ပီကျူးက Lunch အဆင်သင့်ပြင်ထားပြီး စားပွဲမှာထိုင်စောင့်နေတယ်။

''မာန်ခရော ´´

သူ့မေးခွန်းကို ပီကျူးက ထမင်းစားနေရင်း ပေါ့ပေါ့ပါးပါး ဖြေတယ်။

''သူ့အိမ်သူ ပြန်သွားပြီ ´´

''ဘာ´´

အိမ်ကြီးတစ်ခုလုံး ပေါက်ထွက်မတတ် ဂျေ့အသံ ကျယ်လောင်လှတယ်။ စားနေတဲ့ ထမင်းတောင် ပီကျူး နင်သွားတယ်။

''အဟွတ် အဟွတ် ´´

ပီကျူးက ရေမြန်မြန်မြိုချလိုက်ပြီး တစ်စို့နေတဲ့ အသံနဲ့ပြောတယ်။

''ဖြေဖြေး ပြောပါ ကိုဂျေရာ . . . ´´

ဒါပေမဲ့ ဂျေ မအေးဆေး နိုင်ဘူး။ ပီကျူးဆီ မရပ်တန့်နိုင်သော မေးခွန်းတွေ မနားတမ်း မေးတော့တယ်။

''ဘာကြောင့်လဲ ။ ဘာဖြစ်လို့ ပြန်သွားတာလဲ
ဘာကြောင့် ငါ့ကို ပြောမသွားရတာလဲ ´´

'' သတင်းထောက်တွေလည်း သူ့အိမ်ရှေ့မှာ ရှိမနေတော့ဘူးတဲ့ ။ အဲတာကြောင့် သူ့အိမ်သူ ပြန်တော့မယ် တဲ့ ´´

''အဲတာဆို မင်းက ဘာလို့ ငါ့ကို သူပြန်တော့မယ် ဆိုတဲ့ အကြောင်း လာမပြောတာလဲ ´´

'' ပြောပါတယ်ဗျာ။ ကိုဂျေ့ကို ပြောလိုက်ဦးမယ် လို့ ပြောတော့ သူက မပြောနဲ့တော့ တဲ့ ။
ကိုဂျေ အိပ်နေတာ မနှိုးနဲ့တော့လို့ပြောလို့
မနှိုးတော့တာ ´´

ပီကျူးရဲ့ လျောက်လွှဲချက်တွေက ခိုင်မာနေတော့ စိတ်အလိုမကျမှုတစ်ခုကို ဂျေ ရှေ့ဆက် ရစ်လို့ မရတော့ဘူး။ စိတ်ပျက်လက်ပျက်နဲ့ မျှော်လင့်ချက်မဲ့တဲ့ လူတစ်ယောက်လိုမျိုး လေသံတွေက အစ ပျော့ကျသွားတယ်။

''ဒါပေမဲ့လည်း သူငါ့ကို  အသိပေးပြီးမှ သွားသင့်တာပေါ့။ မဟုတ်ဘူးလား´´

''ကိုဂျေက ကိုမာန်ခတို့က စုံတွဲတွေလား ´´

ပီကျူးက ဂနာမငြိမ်ဖြစ်နေတဲ့ ဂျေ့ပုံစံကိုကြည့်ပြီး  ရွဲ့ပြောလိုက်တယ်။ ဟုတ်တယ်လေ။ အိမ်နှစ်လုံးဟာ
ယူဇနာပေါင်းများစွာ ကွာဝေးနေကြတာလည်းမဟုတ်ဘဲနဲ့။ ဂျေ ဆွံ့အသွားပြီး ခေါင်းရမ်းတယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now