67

256 20 0
                                    

ဘာလိုလိုနဲ့ မာန်ခနဲ့ ဂျေ အချိန်တစ်ခုကို အေးအေးဆေးဆေးပဲ  ဖြတ်သန်းခဲ့ပြီးတဲ့နောက် မနက်ဖြန် ဆိုလျှင်မျှော်လင့်ရင်ခုန်ခဲ့ရသော မာန်ခ မွေးနေ့ ရောက်ပြီ။

သမ္မတ ရွေးကောက်ပွဲကြီးကတော့ မာန်ခမွေးနေ့မတိုင်ခင် နှစ်ပတ်အလိုမှာပဲ ပြီးဆုံးသွားပြီး
ပြည်သူလူထု တစ်ရပ်လုံးရဲ့ အားပေးထောက်ခံမှုနဲ့ ဦးထိန်လင်းကပဲ သမ္မတ ဖြစ်လာခဲ့တယ်။

မာန်ခ မွေးနေ့ည မှာ လက်ထပ်ခွင့်တောင်းဖို့ အတွက် ဂျေ  Suprise အစီစဉ် အားလုံးကို  စီစဉ် ထားပြီးပြီ ဖြစ်တယ်။ ဇိမ်ခံသင်္ဘောကြီး တစ်စီးလုံးကို စီးလုံးပြတ်ငှား
ထားပြီး  တစ်စင်းလုံး မီးရောင်စုံနဲ့ အလှဆင်ထားတယ်။
သူရယ် မာန်ခရယ် သင်္ဘောပေါ်
ရောက်တာနဲ့  စထွက်ပြီး ရေလယ်ခေါင်ရောက်ရင် တဖက်ကမ်းမှာ ည မီးရောင်စုံနဲ့ သက်ဝင်လှုပ်ရှားလှပနေမယ့် ရန်ကုန်မြို့ကြီးကို အတူ ကြည့်ကြရင် သင်္ဘောကြီးရဲ့ လသာဆောင် မှာ ညစာစားကြမယ်။ ပြီးရင် သူက ရုတ်တရက် မာန်ခ ရှေ့မှာ ဒူးထောက်ကာ လက်စွပ်ဗူးအဖုံးလေးကို ဖွင့်ပြီး . . .

'' မာန်ခ ကိုယ့်ကို လက်ထပ်နိုင်မလား . . .´´ လို့ မေးမယ်။

ထိုအခါ မာန်ခ ဘက်က '' အင်း . . ´´ လို့ ပြောလိုက်တာနဲ့ မာန်ခ လက်မှာ လက်စွပ် စွပ်ပေးလိုက်မယ်။
အဲဒီနောက် မာန်ခ နှုတ်ခမ်းလေးတွေကို သူ့နှုတ်ခမ်းတွေနဲ့ ညင်သာစွာ ဖိကပ်နမ်းလိုက်မယ်။
သူ မာန်ခကို နမ်းလိုက်တာနဲ့ တစ်ပြိုင်နက် မီးရှူးမီးပန်း ရောင်စုံတွေ ဟာ သူတို့ သင်္ဘောနဲ့အနီးတစ်ဝိုက်က
ကောင်းကင်မှာ လှပစွာ ပေါက်ကွဲနေကြလိမ့်မယ်။
အဲနောက်မှာတော့ သူတို့ နမ်းတာခဏ ရပ်ပြီး တစ်ယောက်ပခုံးကို တစ်ယောက်ဖက်ကာ ထို မီးရှူးမီးပန်းကို ကြည့်ကြမယ်။ နောက်ဆုံးပေါက်ကွဲမယ့် မီးရှူးပန်းမှာ
'' I Gonna  love U  to death ´´
( ကိုယ်မင်းကို သေလောက်အောင်ချစ်တယ် မာန်ခ ရယ်  ) ဆိုတဲ့ စာတန်းလေးပေါ်လာမယ်။
တွေးကြည့်ရင် တကယ့်ကို ရုပ်ရှင်ဇာတ်ကားအတိုင်း
တကယ့်ကို ကြည်နူးစရာပဲ။ မာန်ခ ရယ် . . . အခုကတည်းက ကိုယ် ရင်တွေ သိပ်ခုန်နေပြီ။

                   ***********************

'' ဘယ်လို ´´

ဒေါ်နှင်းမော်ချီ ကိုယ့်နားတောင် မယုံချင် ဖြစ်သွားတယ်။
နေရောင် ဆိုတဲ့ကောင်မှာ ငါနဲ့ မယူခင်ကတည်းက မိန်းမ နဲ့ကလေးရှိတာတဲ့ ။ ဦးနေရောင် ဆုံးတော့ ဦးနေရောင် ရဲ့ လူယုံ Snake က သူမ ရဲ့ လူ ဖြစ်လာခဲ့တယ်။

'' ဦးနေရောင် ရဲ့ လျှို့ဝှက်ချက်တွေ မှန်သမျှ ငါသိချင်တယ် . .  ´´

Snake က သူသိထားတဲ့ ဦးနေရောင် ရဲ့ လျှို့ဝှက်ချက်ကို ပြောပြလိုက်တာကြောင့် ဦးနေရောင် မှာ သားတစ်ယောက်ရှိကြောင်း သူမ သိလိုက်ရပြီး
သွေးတွေ ဆူပွက်လာတယ်။
နေရောင် ဆိုတဲ့ ကောင်က တကယ့်ကို
အယုတ်တမာပါလား ။
သူ့မှာ မိန်းမ နဲ့ ကလေးရှိရယ် သားနဲ့ အာဏာရဖို့
တစ်ခု အတွက်နဲ့ ငါ့ကိုဇွတ်အတင်းလက်ထပ်ဖို့ကြိုးစား။ ငါ့အဖေကိုသတ်။ ငါ့ကို Code room ထဲမှာ နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့တာ။ အဲလို အကြင်နာတစ်ရားကင်းမဲ့တဲ့ ကောင်က သူ့သားကျတော့ သိပ်ကို ချစ်သတဲ့။

'' တောက် . . ´´ သူမ ခပ်ပျင်းပျင်း တောက်တစ်ချက် ခေါက်လိုက်တယ်။ လူယုတ်မာ နေရောင် ရဲ့ သွေးသား ဟာလည်း သူမ စိတ်ထဲ နေရောင်ပဲ ။ဒီကမ္ဘာပေါ်မှာ နေရောင့် သွေးသား ရှင်သန်နေတာကို သူမ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး ။ သတ်ပစ်ရမယ်။
ဟုတ်တယ် သတ်ပစ်မယ်။

'' သူ့ကို သတ်ပေး ´´

'' ဗျာ . . ´´

'' မာန်ခဆိုတဲ့လူကို သတ်ပေး။
အဲအတွက် ပိုက်ဆံကို မင်းလိုချင်သလောက်ပြော
ငါ ပေးမယ် "

ပိုက်ဆံ အသံကြားတာနဲ့ Snake မျက်နှာကြီးက ဝင်းသွားကာ . . .

'' ဟုတ် . . ဟုတ် . .  ကျတော် မာန်ခကိုသတ်ပေးပါ့မယ်
စိတ်မပျက်စေရပါဘူး ´´

ဒေါ်နှင်းမော်ချီ က မဲ့ပြုံးပြုံးလိုက်တယ်။
နေရောင် . .  . ။
နင်သေသွားတာနဲ့ပဲ နင့်အပေါ်မှာ ရှိတဲ့ ငါ့အငြိုးတွေ ပြေမယ် မထင်နဲ့ ။ ငါတို့ သားအဖ ပေါ်မှာ နင် ရက်စက်ခဲ့သလိုမျိုး နင်တို့ သားအဖ အပေါ်မှာလဲ ငါပြန်ရက်စက် ရမှာပဲ ။ အတုံ့ အလှည့်တဲ့။ ဒါ ဟာ တရားမျှ တပါတယ်။
တမလွန် ကနေ နင့်သားအသတ်ခံရတော့မှာကို ရင်နာနာနဲ့ပဲ ကြည့်ပြီး တမြေ့မြေ့နဲ့ ခံစားလိုက်စမ်း နေရောင်။

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora