Chapter ( 43 ) *

11.2K 815 24
                                    


ရွေးကောက်ပွဲမှာ ပြိုင်ကြမယ့်
သမ္မတ လောင်း ၃ယောက်အတွက် Bodyguard
အဖြစ် ကိုရန်ပြေက သူတို့ ၁၀ ယောက်ကို
သုံးယောက်တစ်ဖွဲ့ဖွဲ့ပြီး စေလွှတ်နေတယ်။
နောက်ဆုံးမှာ ဂျေ တစ်ယောက် သာလျှင်ဘက်ပဲ့ပြီး ကျန်နေခဲ့တယ်။

'' ကျွန်တော့်ကိုကြ ဘာလို့ တာဝန် မပေးတာလဲ ''

ဂျေက မေးတယ်။

'' ငါ မင်းကို ရွေးချယ်ဖို့ အခွင့်အရေး ပေးလိုက်တာ။
မင်း ကာကွယ်ပေးချင်တဲ့ သူဆီကို သွား ''

ဂျေ ကျေနပ်သွားတယ်။ တခြားသူတွေအပေါ်မှာ
ခပ်တည်တည်ပဲ ဆက်ဆံတတ်တဲ့ ကိုရန်ပြေ ဟာ
ဘာဖြစ်လို့ သူ့အပေါ် မှာ အဲလောက်ကောင်းနေရတာလဲ ဆိုတာ မစဉ်းစားတတ်လောက်အောင်ပဲ ။

'' မင်းဘယ်သူ့ဆီ သွားချင်လဲ ''

'' ကျွန်တော် ဦး . . ''

ကို ရန်ပြေရဲ့ ခြေလှမ်းတွေ ရပ်သွားကာ ...

'' ဦးနေရောင် ဆီ သွားမှာမလား '' လို့ ဖြတ်ပြောလိုက်တယ်။

ဂျေ အံ့ဩသွားတယ်။

'' ဘာဖြစ်လို့ အဲလို ထင်တာလဲ ''

'' မင်း ရွှေအိမ်တော်ကို ရောက်လာတာ တစ်လကျော်ရှိပြီ။ ဒီအတောအတွင်း မင်းကို ငါ အကဲခတ်နေတာ။
မင်းက ဘယ်သူ့အကြောင်းမှ စပ်စုခြင်းမရှိဘူး။
ဒါပေမဲ့ ငါတို့တွေ လူနှစ်ယောက် အကြောင်းစပ်မိစပ်ရာ ပြောဖြစ်ရင်တော့ အဲလူနှစ်ယောက်ကို မင်းစိတ်ဝင်
တစား မသိမသာ အလေးထားနေတယ် ''

ကို ရန်ပြေ ဘာကို ပြောချင်တာပါလိမ့် ။
ဒီအတောအတွင်း သံသယ ဝင်လောက်တဲ့ ကိစ္စကို ဂျေ ဘာမှ မလုပ်ခဲ့သလို ကိုရန်ပြေ့ အနေနဲ့ သံသယ ဝင်စရာ အကြောင်းဘာမှ မရှိတာပဲ မဟုတ်လား ။

'' မင်းက ဦးနေရောင် ရဲ့ ထောက်ခံသူ မလား ။
ပြီးတော့ မာန်ခရဲ့ ပရိသတ် ဟုတ်တယ်မလား ''

'' ဗျာ . . ဟုတ် . . ဟုတ် ''

ဂျေ ရယ်ချင်မိသွားတယ်။ သဘောရိုးပြောတာကို
အဝေးကြီးတွေ သွားတွေးနေမိတာလေ။
ကို ရန်ပြေတို့ နဲ့အတူ ဝန်ထမ်းများ ထမင်းစား တဲ့ Hall မှာ မာန်ခ ရဲ့ ရုပ်ရှင် ဇာတ်ကားအကြောင်းပြောတိုင်း၊ နိုင်ငံရေး အကြောင်းပြောလို့ ဦးနေရောင် အကြောင်းပြောတိုင်း သူ စိတ်ဝင်တစား နားထောင်နေမိလေ့ရှိတယ်။ တခြား အကြောင်းတွေ ပြောရင်တော့ သူက
စိတ်မဝင်စားပဲ နေနေတာကိုး။ ကိုရန်ပြေက
အဲအချက်ကို အကဲခတ်သွားမိလို့နဲ့ တူတယ်။
ဒါပေမဲ့ နောက်ဆို အနေထိုင်တော့ ဆင်ခြင်ရမှာပဲ ။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now