Chapter ( 12 )

14.2K 1K 6
                                    

နေ့လယ်ကManager ပြန်သွားပြီးနောက်
မာန်ခအခန်းထဲကအခန်းပြင်ကိုမထွက်တော့ဘူး။
Dinner စားဖို့အတွက် ပီကျူးသွားခေါ်တော့လည်း
ရင်ပြည့်နေတယ်ဆိုပြီး အခန်းထဲကနေ ထွက်မလာဘူး။
မာန်ခဖြစ်နေတဲ့လတ်တလောစိတ်ညစ်နေတာကို ဘယ်လိုနှစ်သိမ့်ပေးရမလဲလို့ စဉ်စားကြည့်တဲ့အခါ
ဂျေ အကြံရသွားတယ်။
တိုက်ခိုက်သတ်ပုတ်တာပြီးရင် သူ အကျွမ်းကျင်ဆုံးအလုပ်က ဂီတာတီးပြီး သီချင်းဆိုတာပဲ။ ထိုအကြံကို
ချက်ချင်းပဲ အကောင်အထည်ဖော်လိုက်တယ်။

'' ကြယ်ပန်းလေးတွေ ပျိုးခဲ့ ××မင်းလေးပန်ဖို့အတွက် ရှိသမျှ အချိန်တွေရယ် ×××× ''

သာယာတဲ့ ဂီတာသံံံလေးနဲ့အတူ ယောက်ျားဆန်ဆန် အသံခပ်သြရှရှ က မာန်ခရဲ့ နားထဲ တိုးဝင်လာတယ်။

'' ကမ္ဘာမြေပေါ်နေပျော်ခဲ့×××× အရာရာငါကျေနပ်တယ်×× ''

ပလွေသံကြားရင် မနေနိုင်တဲ့ မြွေတွေ ပလွေသံကို ဒီထက်ပိုကျယ်ကျယ်ကြားရအောင် ပခြုံထဲဝင်ကြသလိုပဲ မာန်ခလည်း အခန်းထဲမှာတင် နားထောင်နေရတာ
အားမရနိုင် ဖြစ်လာတယ်။ အခန်းထဲကနေ အခန်းပြင်ထွက်ကာ အသံလာရာ နောက်ကိုလိုက်ခဲ့တော့တယ်။
ဒီသီချင်းကို ဘယ်သူဆိုနေတာလဲ။ ဂျေလား။
အသံရဲ့လားရာအတိုင်း ခြံအနောက်ဘက်ကို ထွက်လာလိုက်လျှင်ပဲ ရေကူးကန်ရဲ့ဘေးမှာဂစ်တာအဖြူရောင်လေးကို တီးခတ်ရင်း သီချင်းဆိုနေတဲ့ ဂျေ့ကို တွေ့
ရတယ်။လရောင်နဲ့ ကြယ်ရောင်ကြောင့် ရေကူးကန်ထဲက ရေပြင်ဟာ တဖျတ်ဖျတ်လတ်နေသလိုရှိပြီး အဲဘေးမှာ ထိုင်နေတဲ့ ဂျေဟာလဲ မင်းသားတစ်ပါးလိုပဲ တောက်ပနေတယ်။

မာန်ခ အသံမပေးပဲ တိတ်တိတ်လေး ဂျေ့ဘေးမှာ ဝင်ထိုင်နေလိုက်တယ်။ ဂျေ ကတော့ သီချင်းထဲမျောနေတယ်။ မာန်ခရောက်လာတာကို သတိမထားမိဘူး။
သီချင်းတစ်ပုဒ်ဆုံးမှပဲ  မာန်ခရောက်နေမှန်း
သိတော့တယ်။

''ဟာ ... မာန်ခ ။ ဘယ်အချိန်ကတည်းကရောက်နေတာလဲ ''

သူ သီချင်းဆိုတာကို
မာန်ခ ကြားရရုံတင် ကျေနပ်ပြီဟု မျှော်လင့်ထားခဲ့တာ။ အခုလို မိမိ ဘေးနားထိရောက်လာတော့ ဂျေ တော်တော်လေး ဝမ်းသာသွားရတယ်။

''သီချင်းအလယ်လောက်ကတည်းက ''

'' ဟင်... ဟုတ်လား ။ Sorry ငါသီချင်းထဲမျောနေမိလို့ ''

'' ရပါတယ် ။ ကျတော် ဂျေ သီချင်းဆိုတာပျက်သွားမှာစိုးလို့ တမင်အသိမပေးပဲ ထိုင်နေတာ ။
အခု နောက်ထပ်မဆိုတော့ဘူးလား ''

'' ဆိုမလို့ပဲ ။ ဒါပေမဲ့ မင်းငါ့ကို ဘာသီချင်းဆိုစေချင်လဲ ။ မင်းအတွက် ငါဆိုပေးမယ် ''

'' ရပါတယ် ။ ဂျေ ကြိုက်တာပဲ ဆိုပါ ''

'' Ok အဲတာဆို ငါမင်းကို တံခါးဖွင့်ထားပါတယ်ဆိုပြမယ်။မင်းကြိုက်လား''

'' အင်း ... ကြိုက်တယ် ''

ဂျေက မာန်ခကို ပြုံးကြည့်ရင်း ချက်ချင်းပဲ Guiterတီးကာ စာသားတချို့ စတင်ညည်းဆိုလိုက်တယ်။

''××× ငါ့ဦးနှောက် ကတိများလွမ်းနေတယ် နှလုံးသားလေး ဖာဖို့ အပ်တွေဝယ် ××××
စုတ်ပြတ်သွားပြီ . . . ဘာကျန်သေးလဲ. . ငါဆိုတာတောင် မရှိတော့သလိုပဲ . .''

သီချင်းအလယ်လောက်ရောက်တော့ မာန်ခ အိပ်ချင်စပြုလာတယ်။ ဂျေသီချင်းဆိုတာဟာ  ပျင်းစရာကောင်းနေလို့ မဟုတ်။ သူ စိတ်ပင်ပန်းနေလို့ အိပ်ချင်လာတာ။
ဂျေ့ကို အားနာနာနဲ့ပဲ အိပ်ချင်စိတ်ကို တောင့်ခံနေပေမဲ့
မရတော့ဘူး။ နေရာမှာတင် အိပ်ပျော်သွားတော့တယ်။

'' ငိုစရာများရှိလို့ ပခုံးကင်းမဲ့ချိန် . .လိုရာသုံးပါ တံခါးဖွင့်ထားပါတယ် ''

သီချင်းလည်းပြီးရော အချိန်ကိုက်ပဲ။ မာန်ခရဲ့ ခေါင်းက ဂျေ့ပခုံးပေါ် မှီကျလာတယ်။

''ဟာ ... ဒီကောင် ငါ့ကိုတော်တော် အားပေးတာပဲ။ အိပ်ပျော်သွားတာတဲ့ ''

အဲဒီနောက် ဂျေက ဂစ်တာကိုဘေးမှာအသာချကာ
မာန်ခရဲ့ နဖူးပေါ်ဝဲကျနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးမိတယ်။

''မင်းအရမ်း ချစ်စရာကောင်းတာပဲ မာန်ခ ''

ထိုအခိုက် လမင်းကြီးကလည်းသာ၊ ကြယ်ရောင်တွေ
စုံလက်တောက်ပနေတဲ့ ကောင်းကင်ကြီးမှာ ကြယ်တစ်ပွင့် ကြွေကျသွားပါတော့တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora