Chapter ( 58 )

7.4K 632 17
                                    


'' ဒါ ဘယ်က ပြန်လာတာလဲ ဂျေ ´´

ဂျေ မျက်မှောင်ကြုတ် ကြည့်တယ်။

'' လှေကားပေါ်က ဆင်းလာတာပဲ။ အပေါ်ထပ်ကနေ ပြန်လာတာပေါ့ ´´

ရဲတေဇ က တရွေ့ရွေ့ နဲ့ ဆင်းလာရင်း…
'' အဲဒီ အပေါ်ထပ်က ခွင့်ပြုခံရတဲ့ Bodyguard တွေကိုမှ သွားလာခွင့်ရတယ်ဆိုတာ မင်းမသိဘူးလား ´´

'' အေး ...မသိဘူး။  မှားတက်မိလို့ အခု ပြန်ဆင်းလာတာပဲ  ´´

သူတို့ နှစ်ယောက်သား အတန်ကြာ တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့််နေမိကြတယ်။
လှေကားကနေ တရွေ့ရွေ့ ဆင်းလာတဲ့ ရဲတေဇ
Shoe ဖိနပ်ရဲ့ ခွာဒေါက်သံ က တဒေါက်ဒေါက်နဲ့။
ရဲတေဇ က  ဂျေ့ ဘေးနားမှာ ယှဉ်ရပ်လိုက်ပြီး ဂျေ့ ပခုံးကို ကိုင်ကာ …

''  မှားတက်မိတာရော သေချာရဲ့လား ။ ဟား ဟား ´´

ရဲတေဇ က စသလို နောက်သလို ပြောတယ်။
ဂျေက တော့ ပခုံးနှစ်ဖက်သာ တွန့်ပြတယ်။

'' ငါ့ အလုပ်ချိန် မကြာခင် ပြီးတော့မယ်။
ငါ သွားတော့မယ် ´´  လို့ ဂျေက ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့တော့တယ်။
မနည်း အားတင်းပြုံးထားတဲ့ ရဲတေဇ ဟာ ဂျေ သူ့ကို ကျောပေးသွားရင်ပဲ ထိုအပြုံးတွေ ရုတ်ချည်း ပျောက်ကွယ်သွားပြီး ဂျေ့ကို သံသယ မျက်လုံးတွေနဲ့ ကြည့်နေမိပါတော့တယ်။

                  *****************

ဂျေ အိမ်တံခါးကို ဖွင့်ဝင်လိုက်ရင်ပဲ ဧည့်ခန်းမှာ ဆူပုတ်နေတဲ့ မျက်နှာလေးနဲ့ လက်ပိုက်ပြီး ထိုင်နေတဲ့ မာန်ခ ကို တွေ့ရတယ်။မာန်ခ ဘာကို စိတ်ဆိုးနေသလဲ ဆိုတာ ဂျေ သိပြီးသားပါ။ မနက်အလုပ်သွားတော့ မာန်ခ ကို
မနှုတ်ဆက်ခဲ့မိဘူးလေ။

ဂျေ , မာန်ခရဲ့ ဘေးကို ဝင်ထိုင်တော့ မာန်ခ က  မျက်မှောင်ကြုတ် ကြည့်တယ်။ ပြီးတော့ ချက်ချင်းပဲ မျက်နှာကို တစ်ဖက်သို့ ချာခနဲ လှည့်သွားတယ်။
ဂျေ ပြုံးလိုက်တယ်။ မာန်ခ မျက်နှာမူရာ ဘက်ကို ပြောင်းထိုင်ပြီး မာန်ခ မျက်နှာလေးကို တောင်းပန်သလို ကြည့်တယ်။

မာန်ခ က တစ်ဖက်ကို မျက်နှာလွှဲသွားပြန်တယ်။ ဂျေကလဲ မာန်ခ မျက်နှာလွှဲသွားတဲ့ ဘက်ကို လိုက်ထိုင်တယ်။
ပြီးတော့ မာန်ခ မျက်နှာလေးကို တောင်းပန်သလို ကြည့်တယ်။ မာန်ခက မျက်စောင်းထိုးပြီး တစ်ဖက်ကို မျက်နှာလွှဲလိုက်ပြန်တယ်။
ဂျေကလည်း မာန်ခ မျက်နှာလွှဲတဲ့ ဘက်ကို ပြောင်းထိုင်ပြန်တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora