ဦးနေရောင်ဟာ ဒီနေ့မှ ရွှေအိမ်တော်ကနေ ပို့လိုက်လို့ ရောက်လာခဲ့ကြတဲ့ Bodyguard ငယ်လေးတွေကို
ဖက်လှဲတကင်းကြိုဆိုတယ်။
မိတ်ဆက်စကားပြောတယ်။ သူ့ကို အကောင်းဆုံး စောင့်ရှောက်ပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ လာမယ့် ရွေးကောက်ပွဲအတွက် သူ့ကို မဲထည့်ဖို့ မဲဆွယ်တဲ့ စကားကိုလည်း ပြောတယ်။'' ကျုပ် ကို မဲထည့်ကြမယ်မလား ´´ တဲ့။
ပြီးတော့ သူ့ရဲ့ အာလုတ်သံကြီးနဲ့ ခြောက်ကပ်ကပ် အော်ရယ်ပါလေရော။
Shit ! ဘယ်လောက်တောင် ရွံစရာ ကောင်းလိုက်တဲ့ စကားလဲ ။ ဂျေ က စိတ်ထဲကနေ ရယ်ချင်နေတယ်။
ဂျေ့အပြင် ဦးနေရောင်ဆီ ရောက်လာတဲ့ ကျန် Bodyguard သုံးယောက် စလုံးက တာဝန်ပေးလို့သာ ဦးနေရောင် ရဲ့ Bodyguard ဖြစ်လာကြရတာ တကယ်တမ်းက ဦးနေရောင် ကို သူတို့ ထောက်ခံချင်ပုံ မရဘူး။
ဦးနေရောင်ထက် ကျန် သမ္မတလောင်းနှစ်ယောက်မှာ တစ်ယောက်က တိုင်းပြည်အရေးမှာ အားလုံးထက် ထက်မြက်တယ်။
ဦးနေရောင်ကတော့ ဟိုးအရင် ယူနီဖောင်းဝတ်ဘဝတုန်းက တာဝန်ကိုပုံကြီးချဲ့လို့ တိုင်းပြည်ကို ဘယ်လိုကာကွယ်ခဲ့တာ စောင့်ရှောက်ခဲ့တာ စသဖြင့် လေနဲ့လုပ်စားနေတာ။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု ကဏ္ဍမှာ ကျန် သမ္မတလောင်းနှစ်ယောက်လောက် အားရစရာ မရှိဘူးဆိုတာ ထင်ရှားနေပေမဲ့ မဲဆွယ်ပုံ အဟောအပြောကောင်းတော့
တချို့ ပုဂ္ဂိုလ်စွဲ ဝါဒီ သမားတော်တော်များများရဲ့ ထောက်ခံမှုကို ရပြီး ဝန်ကြီးချုပ်နေရာမှာ အရပ်ဝတ်နဲ့ တက်ထိုင်နေတာ။အခု သမ္မတ ရွေးကြရာမှာတော့ လူတွေရဲ့ အမြင် အထူးသဖြင့် ပညာတတ်ပြီး နိုင်ငံရေးပါးဝ နေတဲ့သူတွေ ရဲ့ အမြင်တွေလဲ ပြောင်းလဲစပြုလာတယ်။ တချို့ ပုဂ္ဂိုလ်စွဲ ဝါဒီသမားတွေတောင် ကြာလာတော့
ဦးနေရောင် ကို ထောက်ခံဖို့ အင်တင်တင် ဖြစ်နေကြပြီ။ရွေးကောက်ပွဲက နီးပြီ ။
မကြာခင် မဲဆွယ်စည်းရုံးပွဲတွေ စရတော့မယ်။ အခုချိန်ထိ တစ်ချက်တည်းနဲ့ ကျန် သမ္မတလောင်းနှစ်ယောက်ကို အပြတ်အသတ်ကျော်ပြီး လူထု ယုံကြည်မှု ရလောက်မယ့် အလုပ်တစ်ခု ကို ချပြဖို့ အကြံဉာဏ်ဆိုတာ ဦးနေရောင်ဆီမှာ ပေါ်မလာသေးဘူး။
![](https://img.wattpad.com/cover/123055750-288-k692985.jpg)
VOUS LISEZ
Secret Commando [ Zawgyi + Unicode ] Completed
Roman pour Adolescentsလျှို့ဝှက် commando တစ်ယောက်နဲ့ နာမည်ကြီး ရုပ်ရှင်မင်းသားလေးတစ်ယောက်တို့ရဲ့ Love Story ...