Chapter ( 7 )

14K 1.1K 6
                                    

'' ဒဏ်ရာလိမ်းဖို့ မင်းဆီမှာ ဆေးရှိလား´´

''ဟင့်အင်း မရှိဘူး´´

မိမိခြံထဲကိုပဲ ဂျေ ကားမောင်းဝင်ခဲ့တယ်။
ထို့နောက် မာန်ခကို ပွေ့ချီမပြီး အိမ်ထဲသယ်လာတယ်။

''ဟာ အကို ဘယ်လိုဖြစ်လာတာလဲ ´´

'' ဆေးသွားယူ ပီကျူး
ဒီမှာ မာန်ခ ခြေထောက်နာလာလို့ ´´

ပြောရင်း ပွေ့ချီထားတဲ့ မာန်ခကို ဆိုဖာထိုင်ခုံပေါ်
ချလိုက်တယ်။ ပီကျူးက အပြေးအလွှားနဲ့ဆေးသွားယူတယ်။  မာန်ခရဲ့ ခြေနင်းကို ချွတ်လိုက်ကာ ခြေကျင်းဝတ် အခြေအနေကို ဂျေ သေချာကြည့်တယ်။

''  နဲနဲတော့ ယောင်နေတယ်။
တစ်ပတ်လောက်ဆိုရင်တော့ ကောင်းသွားမှာပါ ´´

'' ဆေးရပြီ ကိုဂျေ ´´

'' အင်း ပေး ´´

ထို့နောက် မာန်ခရဲ့ ခြေကျင်းဝတ်ကို ဂျေ စိတ်လိုလက်ရ
ဆေးလိမ်းပေးတယ်။
မာန်ခရဲ့ ခြေထောက်က ယောကျ်ားလေး ခြေထောက်လို့ ထင်ရက်စရာ မရှိဘဲ  နူးညံ့လွန်းနေတော့
သူ့လက်ကြမ်းကြမ်းနဲ့ ကိုင်ရတာ စိတ်ထဲတောင်
တမျိုးပဲ။

''မင်းခြေထောက်က မိန်းကလေးခြေထောက်ကျနေတာပဲ´´

ဂျေပြောလိုက်တာကို မာန်ခမကြား။
မိမိခြေထောက်လေးကို ကိုင်ပြီး
ဒူးထောက်ကာ ညင်သာစွာဆေးလိမ်းပေးနေတဲ့ ဂျေ့ကို ငေးကြည့်နေမိတယ်။

ထို့နောက် နှလုံးခုန်သံတွေလည်း နဂိုထက် ရုတ်တရက်ကြီး ပိုမြန်လာတယ်။ မာန်ခ ရင်ဘတ်ကို
ဖိထားမိတယ်။ ငါဘာဖြစ်တာပါလိမ့် ရုတ်တရက် နှလုံးရောဂါရသွားတာလား ။ တဖြည်းဖြည်းနဲ့မြန်လာပြီ။ ဒုက္ခပဲ ဘယ်လို လုပ်ရမလဲ။
တဒိတ်ဒိတ် တဒုတ်ဒုတ်နဲ့ ။

'' နာလား မာန်ခ ´´

'' . . . . . . . .   ´´

တဖက်က ပြန်မဖြေ။
ဂျေက  မော့ကြည့်တဲ့အခါ
ပြုံးစိစိ မျက်နှာပေးနဲ့ သူ့ကို  ကြောင်တောင်တောင်နဲ့  ငေးမောကာစိုက်ကြည့်နေတဲ့ မာန်ခကိုတွေ့ရတယ်။

'' မာန်ခ  မာန်ခ  ´´

နောက်ထပ် ထပ်ခေါ်နေပေမယ့်လည်း
မာန်ခမကြား။  မျက်နှာတည့်တည့်ကို  လက်ဖျောက်တီးလိုက်တော့မှ လန့်ဖြန့်ကာသတိပြန်ဝင်လာတော့တယ်။

'' ဗျာ ... ဗျာ ဘာလဲ ´´

'' ဘာဖြစ်နေတာလဲ ။ငါပြောတာတွေရောကြားလား ဘာလို့ ငါ့ကို ပြုံးပြီး ကြည့်နေတာလဲ  ရင်ဘတ်နာလို့လား´´

'' မနာပါဘူး ´´

'' အဲတာဆို ဘာလို့ ရင်ဘတ်ကို ဖိထားတာလဲ ´´

ဒီတော့မှ  လက်ကို မာန်ခလျင်မြန်စွာပဲ ပြန်ချရတယ်။

'' ပတ်တီးတော့ စီးပေးထားတယ်။
တစ်ပတ်လောက်ဆိုရင်တော့ ပြန်ကောင်းပြီထင်တယ် ´´

'' ဟုတ်။ အဲတာဆို ကျွန်တော် အိမ်ပြန်တော့မယ်နော် ´´

မာန်ခက ခြေထောက်တဖက် ထောက်ကာ အားတင်းပြီး ရပ်တယ်။ အဲဒီနောက် ကျန်ခြေထောက်တဖက်ထောက်ပြီး ခြေလှမ်းမယ်ပြင်လိုက်ရော အောက်မှာ ချထားတဲ့ ဆေးပုလင်းကို နင်းမိပြီး တခါတည်း  နောက်ပြန်လဲကျပါတော့တယ်။

ဂျေက အချိန်မီ ပွေ့ထိန်းတယ်။ ဒါပေမယ့် ဟန်ချက်ကို
မထိန်းနိုင်ဘဲ နှစ်ယောက်သား ဆိုဖာခုံပေါ် ပူးတွဲ
လဲကျသွားပါတော့တယ်။

မာန်ခက အောက်က ဂျေက အပေါ်က။ မျက်နှာနှစ်ခုဟာ မျက်နှာချင်းဆိုင် နီးကပ်စွာ။  နှုတ်ခမ်းနှစ်ခုရဲ့ အကွာအဝေးကလည်း လက်တစ်ထွာ။
မိမိကို  စူးရှစွာ ငုံ့ကြည့်နေသော ဂျေ့မျက်လုံးတွေကြောင့် နှလုံးခုန်သံတွေ မြန်ဆန်လာပြီး မာန်ခရဲ့  ရင်ဘတ်ကြီးတစ်ခုလုံး ဗြောင်းဆန်ကုန်ပါတော့တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedOnde histórias criam vida. Descubra agora