The End

10.8K 548 5
                                    


ဂျေ က မာန်ခ နဲ့ မျက်နှာချင်းဆိုင် ထိုင်နေရာမှ
မာန်ခ နံဘေးတွင် ရုတ်တရက်ကြီး ဒူးထောက်ချလိုက်ပြီး လက်စွပ်ဗူးအဖုံးလေးကို ဖွင့်လိုက်တော့ သိပ်ကို လှပတဲ့ စိန်လက်စွပ်ကွင်းလေး ပေါ်လာတယ်။

'' Would U marry me ?
မင်းကိုယ့်ကို လက်ထပ်ပေးပါ မာန်ခ ရယ် ''

'' ဟင် . . '' မာန်ခ အံ့သြ ဆွံ့အသွားရတယ်။

မွေးနေ့မတိုင်ခင်တုန်းက
စိတ်ကူးယဉ်တဲ့ အတိုင်း တကယ်ဖြစ်လာခဲ့ပြီ ။
ဂျေ က စိတ်ကူးထဲက အတိုင်း သူ့ကို လက်ထပ်ခွင့်တောင်းလာခဲ့ပြီ။

ဒါပေမယ့် . . ဒါပေမယ့် . . ။ ငါ ဝမ်းမသာဘူး ။ ဝမ်းမသာနိုင်ဘူး။ ဂျေ ဟာ ငါ့အဖေကို သတ်ခဲ့တာ။ ငါ့အမေကိုလည်း ဂျေ့ မွေးစားအဖေက သတ်ခဲ့တာ။

မာန်ခ ဟာ ချက်ချင်းပဲ မျက်ရည်တွေဝေ့တက်လာကာ မိဘတွေ အသတ်ခံရပုံကို မြင်ယောင်ကြည့်ရင်း ဂျေ့လက်ထဲက လက်စွပ်ဗူးကို ရိုက်ချလိုက်တယ်။

'' ဟာ . . ''

လက်စွပ်လေး ဟာ လိမ့်လိမ့်သွားပြီး မြစ်ထဲ ကျတော့မယ့်ဆဲဆဲ ဂျေ မနည်းဖမ်းလိုက်ရတယ်။
လက်စွပ်လေးကိုင်ပြီး ဒီဘက် ပြန်အလှည့် သူ့ကို သေနတ်နဲ့ ချိန်ထားတဲ့ မာန်ခကို ဂျေ တွေ့လိုက်ရတော့ လှမ်းနေတဲ့ ခြေလှမ်းရပ်တန့်သွားတယ်။

'' ဟင် မာန်ခ . . ဒါ . . ဘာလုပ် . . ''

'' ရှေ့တိုးမလာနဲ့ ''

'' ဘာဖြစ်လို့လဲ . . ကိုယ့် ကို မနောက်ပါနဲ့ မာန်ခ ရယ် ''

'' ဒိုင်း . . ''

'' ဟာ . . မာန်ခ ''

မာန်ခ က ဂျေ့ ရှေ့ က ကြမ်းပြင်ကို ပစ်လိုက်သဖြင့် ဂျေ ရုတ်တရက် လန့်သွားပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်။
အံ့အားသင့်စွာနဲ့ မာန်ခ ကို ကြည့်လိုက်တော့ မျက်ရည်တွေ ပြည့်လျှံနေတာကို တွေ့လိုက်ရတယ်။

'' ခင်ဗျားကို ကျွန်တော် သတ်မယ် ဂျေ ။ ခင်ဗျားအိမ် က လျှို့ဝှက်ခန်းထဲကို ကျွန်တော် ရောက်ပြီးပြီ
ကျွန်တော့် အဖေ မသေခင် ကျွန်တော့်ဆီ ဆက်တဲ့ ဖုန်းက ခင်ဗျားဆီ မှာ ရှိနေတယ် ။
ခင်ဗျားက ကျွန်တော့် အဖေကို သတ်တယ် ။
ခင်ဗျား ရဲ့ မွေးစားအဖေ က ကျွန်တော့် အမေ ကို သတ်တယ် ''

 Secret Commando  [ Zawgyi + Unicode ] CompletedTempat cerita menjadi hidup. Temukan sekarang