30

568 47 0
                                    

'' အဲတာဆို ရဲတေဇက ဝန်ကြီးနေရောင်ရဲ့ လျှို့ဝှက် Bodyguard ပေါ့ ´´

'' အင်း ။ သူက ဦးနေရောင်ကို နောက်ကွယ်ကနေ  တိတ်တဆိတ်ကာကွယ် ပေးနေတာ ။ ဦးနေရောင် အားအထားရဆုံး  Bodyguard တစ်ယောက်ပဲ ။
အခုမှ လူလုံးထွက်ပြတာ ´´

“ ..... ”

ဂျေက လေးလေးနက်နက်တွေးတောရင်း . . .

'' ရဲတေဇ ကိုယ်တိုင် Bodyguard  လိုက်လာရတယ်
ဆိုတော့ ဒီဆွေးနွေးပွဲက ပေါ့သေးသေးတော့ မဟုတ်ဘူး။ နောက်ကွယ်မှာ တစ်ခုခုရှိမယ် ထင်တယ် ။
ဦးနေရောင်နဲ့ အတူပါလာတဲ့ လူ အကြောင်းစုံစမ်းပေး ။ အဲဒီလူက အရေးကြီးတဲ့လူပဲ ဖြစ်ရမယ် ´´

ပီကျူးက  ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်းကျွမ်းကျင်တဲ့ ကွန်ပျူတာ haker သမားတစ်ယောက်ပီပီ Keyboard ကိုကစားလိုက်တာနဲ့ အချက်အလက်က ထွက်လာတယ်။

'' ကိုဂျေ အဲဒီလူက  ရုရှားနိုင်ငံက သံအမတ် ´´

ဂျေ  မျက်ခုံးပင့်တက်သွားတယ်။

''မြေခွေးအိုကြီး ဘာတွေ ကြံစည်နေပြန်ပြီလဲ မသိဘူး ´´

''ကျွန်တော်ထင်တာ လာမယ့် ရွေးကောက်ပွဲနဲ့များ ဆိုင်နေမလားပဲ ´´

''ဖြစ်နိုင်တယ် ´´

                 
                  ---------------------

နောက်တစ်နေ့ မနက် . . .

''တီးတောင် ´´

တံခါး Bell သံ မြည်လာရင်ကို ဒါဟာ မာန်ခမှန်း ဂျေ တန်းသိနေပြီ ။
ဒီကောင်ဟာ သူ့ကို ဘာအကူအညီတောင်းဦးမယ်
မသိဘူး။ ညည်းညူလိုက်ပေမယ့် ထိုင်နေရကတော့
ထပြီး တံခါးဖွင့်သွားဖွင့်ပေးမိတယ်။ တကယ်ဆိုရင်
လက်ဖျောက်တစ်ချက်တီးရုံနဲ့ တံခါးပွင့်သွားမှာဖြစ်
ပေမယ့် မာန်ခလာရင် သူကိုယ်တိုင်ပဲ အားထုတ်ပြီး
တံခါးသွားဖွင့်ပေးချင်တယ်။

''ဘာလဲပြော ´´ 

ဂျေ စိတ်မရှည်သလိုပြောတဲ့အခါ
မာန်ခ မျက်စိပေါက်လေး ကျဉ်းသွားအောင်
ပြုံးပြတယ်။

“ ဟီးဟီး။ ဒီနေ့ Shooting ရှိလို့ အဖော်လိုက်ခဲ့ပေးပါလား ´´

'' ကိုယ့်ဘာသာသွားပါလား ။ ငါမအားဘူး ´´

 Secret Commando  [ Zawgyi + Unicode ] CompletedDonde viven las historias. Descúbrelo ahora