Chapter ( 39 )

14.8K 823 61
                                    

Shooting  သွားဖို့ အိမ်တံခါးဖွင့်လိုက်ရင်ပဲ ဂျေ့ကို
တွေ့လိုက်ရတာကြောင့် ရတ်တရက်ဆိုတော့ မာန်ခ
လန့်သွားတယ်။

''  ဟာ ... ဂျေ ...လန့်တာဗျာ ´´

ဂျေက မာန်ခကို ကို ပြုံးစိစိနဲ့ ကြည့်ရင်း…

'' ဒီနေ့ Shooting ရှိတာလား ´´

'' အင်း ...အခုပဲ သွားမလို့ ´´

'' ကိုယ့်ကို လိုက်ခဲ့ဖို့ မခေါ်တော့ဘူးလား ´´

ဂျေ့ရဲ့ ကိုယ် ဆိုတဲ့ အသုံးအနှုန်းကြောင့် မာန်ခရင်ထဲ လှပ်ခနဲ ဖြစ်သွားတယ်။ မနေတတ်သလို ရှက်သလို ဖြစ်သွားမိပေမဲ့ အဲလို  သုံးနှုန်းပြောတာကို မာန်ခ နှစ်သက်မိတယ်။
ခါတိုင်း ငါ ငါ ငါ နဲ့ ပြောတာထက် ကိုယ်ဆိုတဲ့ အသုံးအနှုန်းလေးက မာန်ခရဲ့ စိတ်ကို နူးညံ့သွားစေတယ်ဆိုတာ ဂျေ ကောင်းကောင်းသိထားလေသလား။

အစက တစ်ယောက်တည်း သွားဖို့ လုပ်ရင်းက
နှစ်ယောက်ဖြစ်သွားချေပြီ။ဂျေ ကားမောင်းတဲ့နောက် မာန်ခက အေးဆေး လိုက်လာခဲ့ရုံပဲပေါ့။
တကယ်တော့ ဂျေ့ကို Shooting သိပ်မခေါ်ချင်တော့ဘူး ။ Shooting မှာ ဂျေ့ အပေါ်မှာ တိမ်းညွတ်ချင်နေတဲ့
နေသွေးရှိတာက တစ်ကြောင်း၊,မာန်ခ အလိုရှိတိုင်း
မငြီးမငြူနဲ့ အစစအရာရာ လိုက်ကူညီပေးတတ်တဲ့
ဂျေ ပင်ပန်းရတာကို မကြည့်ရက်တော့ဘူး။

တစ်ခါတစ်လေ မာန်ခ ကိုယ့်ကိုကိုယ်  ပြန်မေးကြည့်မိတယ်။ ဂျေ့ကို သူ အသုံးချ နေမိသလိုများ ဖြစ်နေလားလို့လေ။

Shooting ရောက်တော့ နေသွေးက  ကြိုရောက်နှင့်နေပြီး
မာန်ခတို့ကား ဝင်လာတည်းက စိုက်ကြည့်နေတယ်။
ကားမောင်းလာတဲ့သူကို ဂျေ မှ ဟုတ်ပါလေစ ဆိုတဲ့ အကြည့်နဲ့ လင်းတမျှော် မျှော်ကြည့်နေတာ။
ဂျေလည်း ကားပေါ်က ဆင်းလာရော
ထိုင်နေရာကနေ ထထိုင်မိသွားတဲ့အထိ
အိန္ဒြေတောင် မဆည်နိုင်ဘဲဖြစ်သွားတယ်။ ပြီးမှ
ရှက်ကိုး ရှက်ကန်နဲ့ ပြန်ထိုင်သွားပါလေရော။
အဲတာကြောင့် ဂျေ့ကို Shooting  မခေါ်ခဲ့ချင်တာ။

Director က မာန်ခနဲ့ နေသွေးကို ရိုက်မဲ့ Scene အကြောင်း အသေးစိတ်ရှင်းပြနေတယ်။ သို့သော်
နေသွေးရဲ့ အာရုံတွေက ဒါရိုက်တာဆီမှာရှိမနေ။
မာန်ခအနားမှာ ရပ်နေတဲ့ ဂျေ့ကို အကြင်နာ
အကြည့်တွေလွှတ်နေတယ်။  အကြည့်ချင်းဆုံမိကြတော့  ဂျေ့ကို ဒင်းက ပြုံးတောင်ပြလိုက်သေး။
ဂျေက တော့   ပြန်တောင် မပြုံးပြဘဲ
ခပ်တည်တည်နဲ့ ချက်ချင်း မျက်နှာလွှဲပစ်လိုက်တာကိုလည်းမာန်ခ မြင်ရတယ်။

 Secret Commando  [ Zawgyi + Unicode ] Completedحيث تعيش القصص. اكتشف الآن