36

315 32 0
                                    

နှစ်ယောက်သား မိန်းမောစွာ နမ်းပြီးကြတဲ့နောက်
ဂျေက ထိုင်ရာမှ ထရပ်တယ်။

'' လာ… သွားမယ် ´´

“ ဘယ်ကိုလဲ ”

'' အခုမင်းနဲ့ငါက Couple တွေဖြစ်သွားကြပြီပဲ။
အဲတာကြောင့် Date မလို့ ´´

'' ဟင် ... အခုချက်ချင်းကြီးလား ´´

'' ငါက စိတ်မြန်တယ် ။ အခုပဲ သွားချင်တာ´´

မာန်ခက မျက်စောင်းကလေး တစ်ချက်ချီလိုက်ရင်း ကမ်းပေးနေတဲ့ ဂျေ့လက်ကိုဆွဲကာ ထတယ်။
ဂျေ့ကို ပြန်နမ်းတဲ့ အဆင့်ထိတောင်  ကျူးလွန်ခဲ့ပြီးပြီပဲ ။အခုလို Date မယ်ဆိုတော့ ဘာကိုမှ ရှက်မနေတော့ပဲ ချက်ချင်း လိုက်လျောလိုက်တော့တယ်။

'' ဟုတ်ပါပြီ ။ အဲတာဆို ခဏစောင့် ။ အဝတ်အစားလဲ လိုက်ဦးမယ် ´´

ခဏကြာတော့ မာန်ခဟာ
အဝတ်အစားပြင်ဆင်ပြီး ထွက်လာတယ်။
အဖြူရောင် ရှပ်လက်ရှည်နှစ်ဖက်ကို တံတောင်ဆစ်နား
ထိခေါက်ထားပြီး မိုးပြာရောင်  ဂျင်းဘောင်းဘီထဲသို့
ခါးသွင်း၍ ဝတ်ထားတဲ့ Style က အဆီမရှိတဲ့ ဗိုက်သားနဲ့ဆိုတော့ Smart ကျ လိုက်ဖက်လွန်းနေတယ်။ အသားလေးကလည်း ဖြူတော့ လက်မှာပတ်ထားတဲ့ အနက်ရောင်နာရီလေးကလည်း ထင်းခနဲ။

'' နေဦး နေဦး ။ မင်းသေချာ အဖြူဝတ်လာတာလား ´´

ဂျေက ပြုံးစိစိနဲ့မေးတယ်။

'' အင်း .. ဟုတ်တယ်လေ။
ခင်ဗျားရဲ့ Shirt နဲ့ ကျွန်တော့် shirt နဲ့ အရောင်တူနေမှ Couple နဲ့ ပိုတူမှာပေါ့ …မဟုတ်ဘူးလား ။
ထူးဆန်းတာလဲ မဟုတ်ပဲနဲ့  ´´

သူတို့ နှစ်ယောက် ခြံထဲရောက်တော့ ခြံပြင်မှာ
ဂျေ့ရဲ့ကားက အရံသင့်ရှိနေတာကို မာန်ခ လှမ်းမြင်နေရတယ်။

'' ကားက ဘယ်လိုလုပ် ကျွန်တော့်အိမ်ရှေ့ရောက်နေတာလဲ ´´

'' ငါ မင်းဆီမလာခင်ကတည်းက မင်းနဲ့ Date ဖြစ်ရင်
ဆိုတဲ့အတွေးနဲ့ ကြိုရွှေ့ထားတာ ´´

''ဟင် ... ခင်ဗျားက ကျွန်တော့်ကို အပိုင်တွက်ထားတာပဲ။
ကျွန်တော်က မလိုက်ဖူးလို့ ငြင်းရင် ဘယ်လိုလုပ်မလဲ ´´

'' မလိုက်ဖူးလို့ ငြင်းရင် ဟောဒီလိုပွေ့ချီလိုက်မှာပေါ့ ´´ ပြောရင်း ဂျေဟာမာန်ခကို ပွေ့ချီပစ်လိုက်တယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedTempat cerita menjadi hidup. Temukan sekarang