Chapter ( 33 )

14.1K 917 42
                                    

'' ဂျေက ခြေကျင်းဝတ်လည်နေတယ်ဆိုလို့ ရေချိုးခန်းကို တွဲပို့ပေးပါဆိုလို့ ပို့ပေးတာ ။ အဲတာ
ချော်လဲ သွားလို့ ဂျေက ထိန်းပေးတာ
နှစ်ကောင်လုံး တူတူချော်လဲသွားတာ´´

ရဲတေဇက မာန်ခကို အားသွန်ခွန်စိုက် ရှင်းပြတဲ့အခါ
ဂျေကလည်း အလျင်အမြန်ပဲ ထောက်ခံရတယ်။

''ဟုတ်တယ် ဟုတ်တယ် ရဲတေဇ ပြောတဲ့အတိုင်းပဲ ´´ 

အစက ဘာမှမဖြစ်ဘူး။ သူတို့ နှစ်ယောက်အခုလို မူပျက်ပြီး ပျာယာခတ် ရှင်းပြနေတဲ့ပုံကြောင့် မာန်ခ မသင်္ကာဖြစ်လာတယ်။

'' နှစ်ယောက်လုံး ဘာလို့ အကြောက်အကန်ရှင်းပြနေကြတာလဲဟင်´´

'' မင်းမယုံမှာစိုးလို့။ မဟုတ်ဘူးလား ဂျေ ´´

ခပ်ရိုးရိုး ခပ်ထုံထုံ ရဲတေဇက ဂျေ့ကို တံတောင်နဲ့ လှမ်းတို့ပြီး စစ်ကူတောင်းပြန်တယ်။

ဂျေကလဲ ခပ်သွက်သွက် ဖော်လို  လိုက်တယ်။

''ဟုတ်တယ် သူပြောတဲ့တိုင်းပဲ ”

ထိုစဉ် . . . .

''တီ တီ တီ ´´   [ ဖုန်းမြည်သံ ]

ရဲတေဇဆီက ဖုန်း။

'' ဟယ်လို . . .  ´´

'' ငါပါ ´´

တဖက်က အသံကြားတာနဲ့ ရဲတေဇ အခန်းပြင်ထွက်ခဲ့တော့တယ်။ ဂျေကတော့ မာန်ခကို ဆက်ရှင်းပြရင်း
ကျန်ခဲ့တယ်။

'' ဟုတ်ကဲ့ ဝန်ကြီးပြောပါ ´´

'' သူ ရိုက်ကွင်းမှာ ဒဏ်ရာ ရလို့ဆို ´´

ဦးနေရောင်ပြောတဲ့ သူဆိုတာ မာန်ခကို ဆိုလိုတာမှန်း
ရဲတေဇ သဘောပေါက်တယ်။
တကယ်တော့ ဦးနေရောင်ဟာ အာဏာတပ်မက်ပြီး ဆိုးဝါးလှတဲ့လူမျိုးဖြစ်ပေမဲ့ သားတစ်ယောက်အပေါ်တော့ အရမ်းကြီး ဆိုးဝါးတဲ့ ဖခင်မျိုးတော့ မဟုတ်ချေဘူး။ ပါးစပ်ကသာ သူနဲ့ မာန်ခ သားအဖလို့ ပေါ်သွားခဲ့ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်နေပေမဲ့ အတွေးထဲမှာတော့ တခါမှကို မရှိခဲ့ဖူးဘူး။
တကယ်လို့ ဦးနေရောင်သာ မာန်ခအပေါ်မှာ မေတ္တာတရားသာ မရှိခဲ့ဘူးဆိုရင် ဟိုးအရင် မာန်ခ ကလေးဘဝကတည်းက တိတ်တခိုး ထောက်ပံ့ကာကွယ်စောင့်ရှောက်ပေးနေစရာမှမလိုတာပဲ။ အကြောင်းတစ်ခုကြောင့်သာ သူ့အနေနဲ့ မာန်ခကို ခါးခါးသီးသီး ဆက်ဆံနေရတာ။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now