Chapter ( 8 )

14.3K 1.1K 3
                                    

တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်းဆုံမိကြပြီး ပြန်လွှဲဖို့ အတွက် တွန့်ဆုတ်နေမိကြချိန်
ဘေးကနေ သူတို့ နှစ်ယောက်ကို အချိန်အတော်ကြာ ကြည့်နေခဲ့ဟန်ရှိတဲ့ ပီကျူးက ချောင်းဟန့်လိုက်တယ်။

'' အဟမျး အဟမျး ''

အဲတော့မှ တစ်ယောက်နဲ့ တစ်ယောက် ခွာလိုက်ကြတယ်။အကြည့်ချင်းဆုံတုန်းကတော့ ကမ္ဘာကြီးမှာ သူတို့နှစ်ယောက်ပဲ ရှိတော့သလို ဖြစ်ခဲ့ကြပြီး အခု ခွာလိုက်တော့မှ ရှက်နေမိကြတယ်။

'' ကျေးဇူးတင်ပါတယ် ဂျေ ။ ကျတော့်ကို ထိန်းပေးတာ ”

'' အော . . .ရပါတယ် ''

ထိုစဉ် . . .

'' တန် တန် တီ တီ  '' [ ဖုန်းမြည်သံ ]

Manager ဆီက ဆက်တဲ့ ဖုန်းမို့ မာန်ခ
ချက်ချင်းကိုင်လိုက်တယ်။

'' ဟယ်လို ပြော ''

'' အကို အခုပြဿနာတက်ပြီ ''

'' ဘာကိုလဲ ''

'' အကို က နေသွေးကို Car showroom ဖွင့်ပဲမှာ ထိုးလိုက်လို့ဆို ''

'' ဟမ် ..  ဘာရယ်။ ငါမထိုးခဲ့ပါဘူး။
ဒီတိုင်းပဲ သူက ငါ့ကိုခြေထိုးလို့ သူ့လည်ပင်းက
အကျီကို ဆွဲရုံတင်ပါပဲ ''

''အဲတာတော့ မသိဘူး သတင်းက အရမ်းကြီးနေပြီ။ အခု Facebook ပေါ်မှာ အကိုက နေသွေးကို ထိုးလိုက်တယ် ဆိုတဲ့ သတင်းကြီးက ပွထ နေပီ။
Video တွေရော ဓာတ်ပုံတွေရော ပျံ့နေပီ ။ ဘယ်လိုလုပ်ကြမှာလဲ။ အခု အကို့အိမ်ရှေ့မှာ သတင်းထောက်တွေ ရောက်နေကြပြီဟအများကြီးပဲ ''

'' ဟင် ငါ့အိမ်ရှေ့မှာ ''

မာန်ခ ခေါင်းက ဆံပင်တွေ ထောင်သွားသလားပဲ။
လန့်ဖြန့်သွားတယ်။  ချက်ချင်းပဲ ခြေတစ်ချောင်းထောက်ကာ ခုန်ဆွခုန်ဆွနဲ့ ပြတင်းပေါက်မှန်နားကပ်သွားတယ်။ထို့နောက် လိုက်ကာကို အသာလှစ်ကာ မိမိအိမ်ဘက်သို့ ချောင်းကြည့်တယ်။

'' OMG သတင်းထောက်တွေများကြီးပဲ ။ တသက်နဲ့တစ်ကိုဟ် အဲလောက် သတင်းထောက်တွေ မတွေ့ဖူးဘူး အကယ်ဒမီပေးပွဲတောင် သတင်းထောက်က အဲလောက်များမယ် မထင်ဘူး။ ဟုတ်တယ်မလား ''

'' အကိုက ပျော်နေတာလား အဲတာကို ''

'' မဟုတ်ပါဘူး ။ သူတို့ ကြိုက်သလောက်စောင့်လေ။
အခု ငါက ငါ့အိမ်မှာ မဟုတ်ဘူး ''

'' အမ် . . အဲတာဆို အကိုက အခု ဘယ်မှာလဲ ''

'' ငါက အခုငါ့အိမ်နဲ့ ကပ်ရက်က ဘေးအိမ်မှာ ''

'' ကောင်းတယ် ကောင်းတယ် အကို ။ လောလောဆယ်တော့ သူတို့နဲ့ ခဏ ရှောင်နေလိုက် ''

'' အင်း ငါသိပြီ ''

မာန်ခ ပြောပြီး ဖုန်းချလိုက်တယ်။
သတင်းထောက်တွေကလည်း မာန်ခရဲ့အိမ်ရှေ့မှာ
'' မာန်ခ ထွက်လာပါဗျ''
''အဲလို ရှောင်နေရုံနဲ့ ပြီးမသွားပါဘူးဗျ ထွက်လာပါ '' ''ထွက်လာပါနဲ့ ''
နဲ့ တစ်ယောက်တစ်ပေါက် အော်နေကြတာ။

မာန်ခက  အဝေးကနေ
လက်သီးနဲ့ ရွယ်လိုက်ပြီး မကျေမနပ်ရွတ်နေတယ်။

'' အဟက်ဟက်  အရူးမို့လို့ ငါကထွက်လာရမှာလား။
ဒီချိန်သာ ထွက်လာလို့ကတော့ င့ါကို ဝိုင်းပြီးဆေးထိုးကြမှာ။ မင်းတို့ထက် မလည်ရင် မင်းသားတောင်
မလုပ်ဘူးကွ မှတ်ထား ''

မာန်ခ လိုက်ကာ ကိုချပြီး စိတ်ပျက်လက်ပျက်နဲ့ ဆိုဖာပေါ်ပြန်လာထိုင်တယ်။

'' ဘာဖြစ်တာလဲ မာန်ခ ''

'' အိမ်ရှေ့မှာ သတင်းထောက်တွေ ရောက်နေတယ်တဲ့။ အဲတာ . . . . အားတော့နာပေမဲ့ အကို့ အိမ်မှာ ဒီနေ့ ညအိပ်မှ ဖြစ်တော့မယ် ထင်တယ် ။သူတို့မပြန်မချင်း ''

''သတင်းထောက်တွေက ည ရောက်ရင်
မပြန်ကြဘူးလား''

''အကို မသိလို့ နော်။ သူတို့က အိမ်ရှေ့မှာညထိ
အိပ်စောင့်ကြတာ ။ ဟိုတခါ တုန်းကဆို သတင်းထောက်တစ်ယောက်ညကြီး အိမ်ထဲထိ ခိုးဝင်လာတာ ။ အဲတာ ကျွန်တော် ည ရေဆင်းသောက်တော့ သူခိုး မှတ်လို့ အော်လိုက်ရတာ နောက်မှ သတင်းထောက်ဖြစ်နေတာ ''

'' သူတို့က အဲလောက်ထိ ဆိုးလား ''

'' အင်း ... ကိုယ့်အပေါ်မှာ အကောင်းမြင်ပေးတဲ့ သတင်းထောက်လည်းရှိသလို မကောင်းတဲ့ သတင်းတွေချည်း ရေးကြတဲ့ သတင်းထောက်တွေလဲ ရှိတယ် ။
တကယ်တော့ သတင်းထောက်တွေ ချစ်ကြလို့ နာမည် ကြီးသွားတဲ့ မင်းသားမင်းသမီးတွေ ရှိသလို သတင်းထောက်တွေ မုန်းကြလို့ နာမည်ပျက်ခဲ့ရသူတွေလည်း အများကြီးပဲ။ ပြောရမှာတော့့ရှက်ပေမဲ့ အခု ကျွန်တော်က သတင်းထောက်တွေ မုန်းတဲ့ Celebrities တွေထဲမှာ ထိပ်ဆုံးက ပါနေတယ် ထင်တယ် ''

ဂျေ မာန်ခကို သနားမိသွားတယ်။ အဲတာကြောင့် ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

'' ဒါဆို မင်းငါ့အိမ်မှာ နေလေ မာန်ခ ။ သတင်းထောက်တွေ မပြန်မချင်းပေါ့ ''

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now