Chapter ( 27 )

14.2K 918 16
                                    

နေသွေးထွက်သွားပြီးတဲ့နောက် မာန်ခ တုန်တုန်ယင်ယင်နဲ့ ရဲတေဇကို ဖုန်းဆက်တယ်။

'' အစ်ကို ...  ကျွန်တော်တို့ အခုတွေ့လို့ရမလား ´´

မာန်ခရဲ့ အသံက တုန်တုန်ယင်ယင်နဲ့ အလောတကြီး ဖြစ်နေတော့ ရဲတေဇ စိုးရိမ်သွားတယ်။
'' ဘာဖြစ်လို့လဲ တစ်ခုခုရှိနေလား ´´

'' အင်း ရှိတယ် ´´

'' အခုငါ အိမ်ပြန်တဲ့လမ်းပေါ်ရောက်နေတယ်။ မင်းအိမ်ကို ဝင်ခဲ့မယ် ´´

''ရတယ် ။ ကျွန်တော် လာခဲ့မယ် ။ အကိုအခု ဘယ်နားရောက်နေလဲ ´´

'' မင်းတို့အိမ်ရာနားက ပန်းခြံနဲ့တော့ နီးတယ် ´´

'' Ok ကျွန်တော် လာခဲ့မယ် ။ စောင့်နေနော်´´

မာန်ခ ဖုန်းချပြီး ရဲတေဇနဲ့တွေ့ဖို့ ကားနဲ့ကမန်းကတန်း  ထွက်လာခဲ့တော့တယ်။

မာန်ခကို အမြဲ အရိပ်လို စောင့်ကြည့်နေခဲ့တဲ့ ဂျေက မှန်ဘီလူးကနေ တစ်ဆင့် မာန်ခရဲ့ကားခြံထဲကနေ ထွက်သွားတာကို  လှမ်းမြင်နေရတယ်။

'' ဒီအချိန်ကြီးကြမှ ဘယ်သွားတာပါလိမ့် ´´

ချက်ချင်းပဲ မာန်ခရဲ့ ကားဘယ်ကို သွားနေတယ်ဆိုတာ တည်နေရာ ကြည့်ကြည့်တယ်။ ချိန်းထားတဲ့ ပန်းခြံကို ရောက်သွားရင်ပဲ ခုံတန်းလျားလေးတစ်ခုမှာ ရဲတေဇက ကြိုစောင့်နှင့်နေတယ်။

''မာန်ခ ´´ ရဲတေဇက လက်ပြပြီး လှမ်းခေါ်တယ်။

မာန်ခခပ်သွက်သွက် လျောက်သွားလိုက်ပြီး
ထိုင်တောင် မထိုင်နိုင်ဘူး။ ပြောချင်နေတဲ့ အရာတွေကို ပြောတော့တယ်။

''ဒီနေ့ အိမ်ကို နေသွေးရောက်လာတယ် အစ်ကို။
အဖေနဲ့ ကျွန်တော်နဲ့ ဟိုတစ်ခါ Hotel မှာ တိတ်တဆိတ်တွေ့ကြတာကို သူမြင်သွားပုံရတယ်။ ကျွန်တော့်ကို အိမ်လာပြီး ခြိမ်းခြောက်သွားတယ်။ အဖေနဲ့ ကျွန်တော့်ရဲ့ ပက်သက်မှုကို ဖော်ထုတ်မယ်ဆိုပြီး ´´

ရဲတေဇ အံ့သြသွားတယ်။

'' သူက . . .ဘယ်လိုသိသွားတာလဲ ´´

'' ကျွန်တော်လည်း မသိဘူး ။
အစ်ကို ကျွန်တော် ဘယ်လိုလုပ်ရမလဲ ။
ဝန်ကြီးနေရောင်က ကျွန်တော့်အဖေဆိုတာ သူတို့ သိလို့ မဖြစ်ဘူး ။ သူတို့ သိရင် အဖေ့ကို ထိခိုက်လိမ့်မယ် ။ ကျွန်တော်လုံးဝ အဲလို အဖြစ်မခံနိုင်ဘူး ။
ကျွန်တော် ဘာလုပ်သင့်လဲ ။ ကျွန်တော့်ကို ပြောပါဦး ´´

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now