( 11 )

496 50 0
                                    

''အရေးကြီးပြောစရာရှိတယ်ဆို ဘာများလဲ''

''ဟုတ် . . ။ ဒါနဲ့အကို ဒီမှာအဆင်ပြေလား''

''အင်း. . ။ ဒီအိမ်မှာ ညီအစ်ကို နှစ်ယောက်တည်းနေတာ အရမ်းသဘောကောင်းကြတယ် ။ သတင်းထောက်တွေ မပြန်သေးလို့သာ အားနာနာနဲ့ပဲ ဒီမှာ နေနေရတာ။ အိမ်ရှင်တွေကို မျက်နှာပူနေပြီ။ သတင်းထောက်တွေပြန်သွားရင်တော့ ကိုယ့်အိမ်ကိုပြန်လို့ရပြီ။ ခြေထောက်သက်သာသည်ဖြစ်စေ မသက်သာသည်ဖြစ်စေပေါ့ ''

''ဟင် ... အကို့ ခြေထောက်က ဘာဖြစ်ထားတာလဲ''

'' ပြောရင် ဒေါသထွက်တယ်။ ဟိုဘိုးတော် နေသွေးလေ ။ ငါ Toilet ကထွက်လာတော့
ငါ့ကို Blind ကြီးခြေထိုးတာ။ အဲတာပစ်လဲပြီး ခြေကျင်းဝတ်လည်သွားတယ်။ အဲကိစ္စနဲ့ သူနဲ့ငါ ပြဿနာတက်တာလေ။ ငါသူ့ရဲ့ အကျီကော်လံကို ဆွဲလိုက်တာမှန်ပေမဲ့ သူ့မျက်နှာကိုတော့ မထိုးခဲ့ပါဘူး ။ အဲတာကို သတင်းတွေက လျောက်ရေးတော့ ငါက ဆွဲထိုးတယ်ဖြစ်ရော။စိတ်လေတယ်။
အခုသတင်းထောက်တွေငါ့အိမ်ရှေ့ရောက်နေရတာလည်း အဲဘိုးတော် နေသွေးကြောင့်ပဲ ။ ဘယ်ဘဝက ရေစက်ကြောင့် ဒီဘဝမှာ မင်းသားအပြိုင် လာဖြစ်ရတယ် မသိဘူး။ . . ဟူး ''

''အခုရော ခြေထောက်က သက်သာသွားပြီလား''

''အင်းသက်သာသွားပြီ ။ အော် ... ဒါနဲ့ ဒီအတောအတွင်း ရိုက်ဖို့ ပြောထားတဲ့ ကြေငြာတွေရှိတယ်ဆို ။ အဲတာ ငါခြေထောက်မကောင်းသေးလို့ ရက်ရွှေ့ပေးထားပါလို့ CEO ကိုပြောလိုက်ဦး။ကြားလား ''

Manager ရဲ့ မျက်နှာ တစ်ချက် ညှိုးသွားတယ်။ အဲဒီနောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မာန်ခကို ပြောတယ်။

''အခု အကို့ဆီ အဲကိစ္စပြောမလို့လာတာပဲ ''

'' ဘာများလဲ ''

''ဟို . . . CEO ကလေ . . .ဟို . . ''

''အင်း ပြောမှာသာပြောစမ်းပါ ဝေ့ဝိုက်မနေပဲနဲ့။ ငါက စိတ်မရှည်တတ်တာသိတယ်မလား ''

''ဟုတ် ။ ဟို . . .CEO ကပြောတယ် ။အကိုနဲ့ ချုပ်ထားတဲ့ စာချုပ်ကို ဖျက်လိုက်တော့မယ်တဲ့''

''ဘာ !! ''

'' အခု နေသွေးနဲ့ အကိုနဲ့ ပြဿနာဖြစ်ပြီးတော့ ထုတ်လုပ်ရေး Company တွေနဲ့ ကြေငြာ Company တွေက စာချုပ်ဖျက်တဲ့အကြောင်းကို ကျတော်တို့ဆီကိုဖုန်းဆက်လာတယ်။ အဲတာကြောင့် CEO က Company အရမ်းနစ်နာတယ်ဆိုပြီး အကိုနဲ့နောက်ထပ်ချုပ်ထားတဲ့ သုံးလ စာချုပ်ကို ဖျက်လိုက်တော့မယ်တဲ့ ။ ပြီးတော့ Company က စဖျက်လိုက်တဲ့ အတွက်ကြောင့်မို့ အကို့အနေနဲ့ သုံးလစာ ယူထားတဲ့ သိန်းသုံးထောင်ကိုလည်း ပြန်ပေးစရာမလိုဘူးလို့လည်း မှာလိုက်ပါတယ်''

မာန်ခ နားထောင်နေရင်း ဒေါသပါထွက်လာတယ်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း လေသံခပ်မာမာနဲ့ ...

''သူက အဲလိုဆိုတော့လဲ ကောင်းပြီလေ။
သူတို့ကိုပြန်ပြောလိုက် ။ စာချုပ်ကို သူတို့က ဖျက်တာ မဟုတ်ဘူး။ ငါက စဖျက်တယ်လို့။
သူတို့ပေးထားတဲ့ သိန်းသုံးထောင် ကိုလည်း ငါပြန်လျော်မယ်လို့ ပြောလိုက် ''

''ဟာ အကို .. စိတ်လိုက်မာန်ပါမလုပ်နဲ့နော်။ အခုကိစ္စက Company က စဖျက်တာပဲ ။ အကိုက စဖျက်တာမှ မဟုတ်တာ။ Company ကိုတပြားမှ လျော်စရာမလိုဘူး ''

Manager လေးကတော့
စေတနာနဲ့ပြောရှာတယ်။
ကိုယ့်ဘက်က ကိုယ့်လုပ်အား တစ်ခုမှမပါဘဲနဲ့
သူများပိုက်ဆံကို မာန်ခ အလကားမယူချင်ဘူး။ အဲတာ
မွေးကတည်းက ပါလာတဲ့မာနပဲ။

'' စာချုပ်ကိုငါ့ဘက်က ဖျက်တယ်လို့ပြောလိုက်။ မနက်ဖြန်ပဲ Company ကို ပိုက်ဆံ သိန်း သုံးထောင် လွှဲပေးလိုက်မယ် ''

''အကို . . .။ စိတ်လိုက်မာန်ပါ လုပ်စရာမှမလိုတာ။ ဖြေးဖြေးချင်းစဉ်းစားပါဦး''

''စဉ်းစားစရာ မလိုလောက်အောင် ငါ့ဘက်ကသေချာတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ Companyကိုပြောလိုက်ပါ။ ငါ မာန်ခဘက်က စာချုပ်ကို စဖျက်ပြီး ယူထားတဲ့ ငွေတွေအကုန်ပြန်အမ်းလိုက်ပါတယ်လို့ ဂျာနယ်ထဲ ထည့်လိုက်ပါလို့ ''

Manager လေးလဲ ဘယ်လိုမှ ပြောမရနိုင်တော့တဲ့ အဆုံးခေါင်းညိတ် နားထောင်လိုက်ရတော့တယ်။ မာန်ခရဲ့ Manager ဖြစ်လာတဲ့ ၅နှစ်တာ ကာလအတွင်း ကောင်းကောင်းသိခဲ့ရတာက မာန်ခဆုံးဖြတ်ချက်ချပြီဆိုရင် ဘယ်သူကပြောပြော မပြင်တော့ဘူးဆိုတာပါပဲ။

 Secret Commando  [ Zawgyi + Unicode ] CompletedOù les histoires vivent. Découvrez maintenant