12

1.6K 225 13
                                    

Uni
======
ကျုပ်က ဆရာကြီး
အခန်း ၁၂
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ငါက နတ်ဆိုးဓားပါကွာ)

မီးတောက်ဖီးနစ် ထွက်ပေါ်လာသည်နှင့် အပူချိန်မှာ မြင့်တက်လာခဲ့ကာ ကောင်းကင်တစ်ခုလုံး မီးတောက်များ နှင့် လွှမ်းခြုံသွားလေသည်။

ထို ဆန်းကြယ်လှသည့် သက်ရှိကြောင့် လူတိုင်း ဆွံအကုန်ပြီး လှုပ်ရှားမရတော့ပေ။

အားငါ မင်းကို သတ်မယ် ဓားနတ်ဆိုးမှာ ကြိမ်းဝါးကာ မီးတောက်အတွင်း သူ၏ နတ်ဆိုးချီအား ဆူပွက်စေသည်။ သို့သော်လည်း ဖီးနစ် နှင့် ယှဉ်မည်ဆိုပါက ၄င်းမှာ လရောင် နှင့် ဖယောင်းတိုင် အလား ကွာခြားလွန်းသည်။ ဖီးနစ်မှာ ဓားနတ်ဆိုးအား ကြည့်ပင် မကြည့်ပဲ အတောင်ပံ အား တစ်ချက် ခတ်လိုက်သည်တွင် အဆုံးမဲ့ မီးတောက်မှာ ဓားနတ်ဆိုးအား လွှမ်းခြုံသွားခဲ့၏။ ဓားနတ်ဆိုးမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားရတော့သည်။

ဒုတ်

နတ်သတ်ကြွေ နတ်ဆိုးဓားမှာ ကောင်းကင်ထက်မှ ပြုတ်ကျလာပြီး မြေပြင်ထက် မစိုက်ဝင်နိုင်ပဲ လဲကျသွားလေသည်။ ဖီးနစ်ငှက် သည်လည်း ကျောက်စိမ်းပြား အဖြစ် ပြန်လည်ပြောင်းလဲကာ ဖြစ်ခဲ့သည့် အရာအားလုံး အိမ်မက်တစ်ခုလေအလား နဂိုရှိရာသို့ ပြန်လည်တိုးဝင် ပျောက်ကွယ်သွားတော့သည်။ '

ပိုင်ဝူချန်း နှင့် အခြားနှစ်ယောက်မှာ ကျောက်ရုပ်အလား တောင့်တင်းနေကြပြီး ထိုမြင်ကွင်းအား ပြူးကျယ်စွာ ကြည့်နေကာ တစ်ကိုယ်လုံး ဘူးသီးလုံးခန့် ချွေးတို့ နှင့် ပြည့်နှက်နေလေသည်။ ၄င်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

ဓားနတ်ဆိုးကြီး သူသေသွားပြီလား အမျိုးသမီးမှာ ခြောက်ကပ်နေသည့် နှုတ်ခမ်းအား သပ်ရင်း အက်ကွဲစွာ မေးလာသည်။

လူပေါင်းတစ်ထောင်အား မျက်တောင်မခတ် သတ်ဖြတ်သည့် ဓားနတ်ဆိုးမှာ ထိုသို့နည်းဖြင့် သေဆုံးသွားသည်လောဒါ့အပြင် သူ သိပင် မသိလိုက်ပဲ တိတ်တဆိတ် အသတ်ခံ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

ဆရာကြီးတကယ့် ဆရာကြီးပဲ
ပိုင်ဝူချန်း ၏ အသံတို့ တုန်ရင်နေကာ  လျိုရှောင်းသမီး မှန်တယ်ဒီဆရာကြီး နဲ့ ငါတို့ တွေ့ဆုံဖို့ တကယ် ကံပါလာတာပဲဒါပေမဲ့ ငါ သူပေးတဲ့ ပန်းချီကို ပျက်ဆီးစေခဲ့တာ နှမြောဖို့ကောင်းတယ်သူ ငါတို့ကို ဒေါသမထွက်ဖို့ပဲ ဆုတောင်းရမှာပဲ

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now