101+102

1.2K 171 1
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၀၁
(နန်နန်းရဲ့ စာတစ်စောင် )

ထိုအချိန်တွင် နန်နန်းသည် စာတစ်စောင်  အား ထုတ်လျက် ပြောလိုက်သည်။
ဆရာမ ကျွန်မ ဒီမှာ အဆင်ပြေကြောင်း ကျွန်မအကို ကို ပြောဖို့ စာတစ်စောင် ရေးထားတယ်... ဒါပေမယ့်သူ့ဆီ ဘယ်လို ပို့ရမလဲ မသိလို့

သူမ အကို အတွက် စာတစ်စောင်......

အမျိုးသမီးကြီး ၏ နှလုံးသားမှာ အနည်းငယ် နှစ်မြုပ် ပျောက်ဆုံးသွားသည်။
သြော် ဟုတ်ပြီ အကို့ဆီ စာပို့ပေးဖို့ အဖွား ကူညီမယ်

အချိန်မည်မျှကြာသည်ဖြစ်စေ သူမမှာ ထိုစာအား အမြန်ဆုံးပို့ဆောင်ရပေမည်။ သူမကိုယ်တိုင် ထိုစာအား ကိုင်ဆောင်၍ ကွမ်းလောင်အင်မော်တယ်မင်းဆက်နန်းတော်သို့ သွားရောက်ပို့ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့ ထိုစာအား နန်နန်းအကို ဆီသို့ သေချာပေါက် ပို့ပေးရပေလိမ့်မည်။

အမျိုးသမီးကြီးနှင့် ဝူဟန်ယန် တို့နှစ်ယောက်မှာ နန်နန်း၏ အခန်းမှ ရှုပ်ထွေးသောအတွေးများနှင့် ထွက်ခွာလာကြသည်။ နန်နန်းအကို ရေးလိုက်သော စာရွက် အပိုင်းအစမှာ အဖိုးအနဂ်က ထိုက်သော ရှားပါးရတနာပစ္စည်းဖြစ်သော်လည်း သူတို့ ခိုးယူရန်တော့ စိတ်ကူးမရှိချေ။ သူတို့ တစ်ယောက်ကိုတစ်ယောက် တည်ငြိမ်စွာ ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ဝူဟန်ယန်မှာ သူမ၏ ဘေးပတ်ဝန်းကျင်အား ကြည့်လိုက်မိချိန်တွင် သိမ့်ခနဲ တစ်ချက် ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးများမှာ ရှုပ်ထွေးအံ့သြမှုများဖြင့် ပြည့်နှက်သွားသည်။

အမျိုးသမီးကြီးမှာ ဝူဟန်ယန် မည်သည်အား ပြုလုပ်နေသည်ကို နားမလည်ပေ။ ခဏမျှ ကြာပြီးနောက် သူမမှာလည်း သတိလစ်မတတ် ငြိမ်သက်သွားမိသည်။ ထူထဲ၍ မျောလွင့်နေသော အအေးဓာတ်များ ကောင်းကင်မှ ပစ်ခတ်ပေါ်ပေါက်လာလေသည်။ သူမ၏ ခန္ဓာကိုယ်နှင့် ဦးရေခွံ တို့မှာ အေးခဲသွားသည်။

မည်ကဲ့သို့ ဖြစ်သွားသည်မသိသော်လည်း နန်နန်းအခန်း၏ ဟောင်းနွမ်းနေသော ဝန်းကျင်တစ်ဝိုက်တွင် ရုတ်တရက် မွှေးပျံ့စူးရှသော အနံ့ရှိသည့် သစ်ပင်များနှင့် ပန်းများ ပွင့်လာ၏။

ကျုပ်ကဆရာကြီး(1-ongoing)Dove le storie prendono vita. Scoprilo ora