ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၅၄
( မင်းအင်အားပြနိုင်တယ် ဒါပေမဲ့ ပုဂ္ဂိုလ်ရေး မပါလာနဲ့ )ရာစုနှစ်တစ်ခု၏ အကြီးမားဆုံး တိုက်ပွဲကြီးမှာ ရုတ်တရက် စတင်တော့သည်။
ဤကဲ့သို့သော တိုက်ပွဲသည် လုံးဝ မလိုအပ်လျှင် ဖြစ်မည့် တိုက်ပွဲမျိုးမဟုတ်ပေ။
အင်အားကြီးကျင့်ကြံသူများသည် ထိုသို့သော တိုက်ပွဲမျိုးကို လာရောက်ရင်မဆိုင်တတ်ပေ။တိုက်ပွဲတိုင်းသည် အန္တာရယ်ရှိကာ သူတို့ကို သေခြင်းသို့ တွန်းပို့မည့်အလုပ်မျိုးကို မလုပ်ကြပေ။ ကျင့်ကြံသူ အနာဂတ်မျိုးဆက်များ တည်မြဲစေရေးအတွက် ကျင့်ကြံသူများကြားတွင် သူသေ ကိုယ်သေ တိုက်ပွဲ ဖြစ်ခဲ သည်။သို့သော် ယခုမူ တစ်ဖက်က တိုင်ပင်ဆွေးနွေးရန် အချိန်မပေးပေ။ တိုက်ပွဲ မစ မီ စကား အနည်းငယ်သာ
ပြောခဲ့သည်။ဤသည်မှာ မှော်မှန်း၍မရနိုင်သော အခြေအနေတစ်ခု ဖြစ်ပေသည်။
ဤအရာအားလုံးသည် ဆရာကြီးဆီမှ စကားအနည်းငယ်ကြောင့် သာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
" ဝုန်း "
နဂါး ငါးကောင် ပုံရိပ်သည် လျူအိမ်တော်အပေါ်တွင် ပတ်လည်ဝိုင်း လျှက် ရှိသည်။ ထိုနဂါးများသည် မီးမှုတ်လိုက်ကာ အသံအကျယ်ကြီးလည်း ဟိန်းဟောက်နေသေးသည်။
" ကလန်...ထျန်."
ဗျတ်စောင်း၏ သံစဉ်များသည် လည်း လျူမိသားစုကို ဝန်းရံထားသည်။
အဆုံးမရှိသော တိုက်ခိုက်မှုများသည် ဖြာကျနေသာမီးရောင်စဉ်တန်း များ အဖြစ် အစိမ်းရောင်အကာအရံ ထံသို့ တိုးဝင်သည်။
လျူရှင်းဟီ ၏ မျက်နှာမှာ ဖြူဖျော့နေသည်။ လျူမိသားစုဝင် အချို့သည်လည်း ပါးစပ်အပြည့် သွေးများ
အန်ထုတ်နေကြသည်။ သူတို့ က အားနည်းနေကာ ကြီးမားသည့် အင်အားတစ်ခုဖြင့် ဖိနှိပ်ခံနေရ၏။လျူမိသားစုသည် အင်အားကြီးသော မိသားစုကြီး တစ်ခုဖြစ်သော်လည်း စွမ်းအားမြင့် ကျင့်ကြံသူများ နှင့် ရင်ဆိုင်တိုက်ခိုက် နိုင်ရန်တော့ အခက်အခဲ ရှိနေသေးသည်။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...