Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၅၈
ဘာသာပြန်သူ - တင်အောင်ခိုင်
(ဆရာကြီးရဲ့ အရိပ်အမြွက်ကို နားလည်ပြီလား)"ကိုးမြှီးမြေခွေးက ဒဏ်ရာရထားတာတောင် မင်းတို့ အသုံးမကျတဲ့ အရူးတွေက ခြေရာမခံနိုင်ဘူးလား.. မင်းတို့ကို ကျွေးမွေးထားလို့ ဘာထူးတော့မှာလဲ..."
ငွေလနတ်ဆိုးဘုရင်မှာ ထိုသို့ တွေးလိုက်ပြီးနောက် သူ့၏ အကြည့်များမှာ ပိုမို ရက်စက်ကြမ်းကြုတ်လာခဲ့သည်။ထိုစဉ် နွားမကောင်းဆိုးဝါး တစ်ကောင်က အရှေ့သို့ထွက်လာကာ ပြောလာ၏။
"ဘုရင်ကြီး ကိုးမြှီး မြေခွေးကို လင်ရှန်းနန်းတော်က ခေါ်သွားခဲ့ပါပြီ။""ဘာ...."
သူ၏မျက်လုံးများမှာ အနက်ရောင်အသွင် ကူးပြောင်းပြီး ဒေါသလှိုင်းတို့ ဖြာထွက်လာသည်။ နတ်ဆိုးဘုရင်ကြီးမှာ တစ်စုံတစ်အောက်အား သတ်ဖြတ်ရန် အဆငျသငျ့ရျှနဟေနျရ၏။.မိစ္ဆာတပည့်များမှာ မြေပြင်ထက် ကြောက်ရွံစွာ ဒူးထောက်လိုက်ကြရသည်။
ဘုရင်ကြီး ဒါပေမယ့် ကျုပ်တို့ ခြောက်မှီး မြေခွေးလေးကို ရှာတွေ့ခဲ့ပါတယ်
နွားမကောင်းဆိုးဝါးမှာ ဆက်ပြောသည်။"အိုး...." ငွေလနတ်ဆိုးဘုရင်မှာ စိတ်ဝင်စားသွားဟန်ရသည်။
"အဲ့ဒီ ခြောက်မြှီး မြေခွေးလေးက ကိုးမြှီးမြေခွေးနဲ့ ညီအစ်မတွေ ဖြစ်နိုင်ပါတယ်
"ညီအမတွေလား ..."
ငွေလနတ်ဆိုးဘုရင်၏ အကြည့်များမှာ ထက်ရှသွားသည်။ သူ ကိုးမြှီးမြေခွေးအား သူမ အသွင်ပြောင်းလိုက်ခြင်းကြောင့် ဖမ်းဆီးချင်ယုံသာမက ထိုမြေခွေး၏လျှို့ဝှက်ချက်ကို သိရန်လည်းပဲ လိုအပ်လေသည်။ ကိုးမြှီးမြေခွေးက အသွင်ပြောင်းရန် ရွေးချယ်ခဲ့သည့်အတွက် ကြောင့်မို့ သူမ ထံ သေချာပေါက် လျှို့ဝှက်ချက် တို့ ရှိရပေမည်။လွန်ခဲ့သည့်သုံးနှစ်ခန့်က ကိုးမြှီးမြေခွေးလေးမှာ ဒဏ်ရာအပြင်းထန်ရပြီး ထွက်ပြေးသွားသည်။ သူမသေခါနီးဆဲဆဲပင် ။ သို့သော် သူမ၏ ဒဏ်ရာများက ရုတ်ခြင်း သက်သာသွားခဲ့၏။ ထို့အတွက်ကြောင့်မို့ ကံကောင်းခြင်းအချို့နှင့် ကြိမ်းသေပေါက်တွေ့ခဲ့ရခြင်း ဖြစ်မည်မှာ သေချာသည်။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...