ကျုပ်က ဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အပိုင်း ၁၇၆
(ဆရာကြီးအတွက် စီးတော်ယာဉ် )အင်မော်တယ်ဘုံ၏ အထက်ဘုံတွင်
မိုးပြာရောင် ဂိုဏ်း ၌
ကျွိ
ထိုနေရာတွင် အခန်းများ အစဉ်လိုက် ရှိနေသည်။ ယင်းအခန်းများထဲမှ အခန်းတစ်ခန်း၏ တံခါးမှာ ဖြေးညှင်းစွာ ပွင့်သွားသည်။ ခပ်တိုးတိုး ကျွိ ခနဲ မြည်ပြီးနောက်တွင် လူတစ်ယောက်သည် ပင်မခန်းမ၏ အလယ်သို့ အလျင်အမြန်လမ်းလျှောက် ဝင်လာသည်။
ထိုလူသည် ဂူချင်းချန် ၏ အဖိုးဖြစ်လေ၏။
တံခါးစောင့်နေသော တပည့်တစ်ဦးက မေးလိုက်သည်။ ကာကွယ်သူ ဂူယွမ် ၊ တစ်ခုခု ဖြစ်ခဲ့လို့လား .. ဂိုဏ်း ချုပ်ကို ဘာကြောင့်ရှာနေတာလဲ ...
ဂူယွမ်မှာ ယဉ်ယဉ် ကျေးကျေး ပြန်ဖြေသည်။ အင်း အရေးပေါ် ကိစ္စ တစ်ခုရှိနေလို့...ကျေးဇူးပြုပြီး သတင်းပို့ပေးပါ..
ထိုတပည့်မှာ ကိုးရိုးကားယားဖြစ်သွားရကာ ပြုံးလျှက် ဂိုဏ်း ချုပ်က ခုနလေးတင် ထွက်သွားတယ်..
ဂူယွမ်မှာ မျက်မှောင်ကျုံ့သွားသည်။
ထွက်သွားတယ်၊ ဘာကြောင့် ထွက်သွားလဲ သိလား..သူ ဘယ်အချိန် ပြန်လာမှာလဲ ...တပည့်သည် ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကာ ခပ်တိုးတိုးပြောလာသည်။
ကျုပ်ကြားတာတော့ အင်မော်တယ်တစ်ဦး သေလို့တဲ့ .. အလောင်းက အခုထိ အောက်ဘုံမှာ ပဲရှိနေတယ်.. အဖြစ်အပျက်ကတော့ မယုံနိုင်အောင်ပဲ .. တော်တော်ဆန်းတဲ့ ဖြစ်ရပ်ဗျ .. သတင်းတွေ မပြန့်ခင် မဖြေရှင်းနိုင်မှာ စိုးရိမ်ရတယ်..ဂူယွမ်သည် အဝေးသို့ ငေးကြည့်နေကာ ပြုံးလိုက်သည်။
ကောင်းပါပြီ.. ပြောပြတဲ့ အကြောင်းအရာအတွက် ကျေးဇူးပဲတပည့်သည်လည်း ပြုံးလိုက်ကာ
ရပါတယ်.. ကာကွယ်သူ ဂူယွမ်၊ ကျုပ်ကို ခင်ဗျား မှာထားခဲ့လို့ ရပါတယ်.. ဂိုဏ်းချုပ်ပြန်လာတဲ့အခါ ဆက်ဆက် ပြန်ပြောလိုက်ပါ့မယ်..
ဂူယွမ် သည် သူ့အကူအညီကို ငြင်းဆန်ကာ
အခုကိစ္စ ကသိပ်အရေးကြီးလွန်းတယ်.. ကျုပ် ခင်ဗျားကို မပြောပြနိုင်မှာ စိုးပါတယ်.. ခွင့်လွှတ်ပါ .. ကျုပ်သွားပါဦးမယ်..
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
ESTÁS LEYENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...