ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၁၃၈
(ရုတ်ချည်းပြောင်းလဲမှုနှင့် သန်းခေါင်ယံချုံခိုတိုက်ခိုက်ခြင်း)ဂူချန်းချင် အံ့သြနေလျက် ကျိုးတချန်အား ကြည့်လိုက်သည်။
သူတော်စင်သူတော်စင်ဆိုသည်မှာ အကြီးမားဆုံး ဂုဏ်ပုဒ်ဖြစ်သောကြောင့် သူ ချဲ့ကားပြောဆိုနေခြင်း ဖြစ်မည်ဟု ဂူချန်းချင် တွေးလိုက်၏။ သူတော်စင်တစ်ဦး ဤကမ္ဘာမှာ ရှိနေခြင်းပေလော။ ဟာသတစ်ခုပင်ဖြစ်ကာ သူ မယုံကြည်နိုင်ပေ။
တော်ဝင်ဧကရာဇ်လည်း ဝင်ပြောလိုက်သည်။
အကြီးအကဲဂူ... အခု မိုးတွေရွာနေတာ ထူးဆန်းတယ်လို့ မထင်ဘူးလားဂူချန်းချင် ကောင်းကင်သို့ မော့ကြည့်လိုက်စဉ်တွင် ရုတ်ချည်း ကောင်းကင်တွင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားကာ မိုးခြိမ်းသံ ကြားလိုက်ရသည်။
အဲ့ဒါတော့ တကယ် ထူးဆန်းတယ်
မိုးပြာနတ်ဆိုးပိတ်လှောင်ခြင်းအခမ်းအနားတွင် နတ်ဆိုးဝင်ပေါက်အားချိတ်ပိတ်ရန် မီးများ လိုအပ်သည်။ ထိုအချက်ကြောင့် မိုးမရွာစေရန် သူတို့ ကြိုတင် အစီအမံများ ပြုလုပ်ခဲ့သော်လည်း မိုးများ ဖြိုင်ဖြိုင် ရွာသွန်းခဲ့သည်။
တော်ဝင်ဧကရာဇ် ဆက်ပြောလိုက်သည်။
သူတော်စင်တွေ စိတ် ပြောင်းလဲနေတဲ့ အခါကျရင် ရာသီဥတု အပြောင်းအလဲ ဖြစ်တတ်တယ်ဆိုတာ ခင်ဗျား ကြားဖူးတယ်မလားဂူချန်းချင် သူ့အား မယုံနိုင်စွာ စိုက်ကြည့်လိုက်သည်။ ဆရာကြီး၏ ဒေါသကြောင့် မိုးများရွာသွန်းခဲ့လေသလော။
ရာသီဥတု ပြောင်းသွားတာ သူဒေါသထွက်သွားလို့လား.......
သူက ဘယ်လို ဖြစ်တည်မှုမျိုးလဲ.....
သူ လေးတွဲ့စွာ အသက်ရှူလိုက်ကာ အံ့သြထိတ်လန့်နေမိသလို တစ်ချိန်တည်းတွင် သူလုံးဝ မယုံကြည်နိုင်ဖြစ်နေသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ....
ဒါ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပဲ....
သူ စိတ်ခံစားမှု မျိုးစုံ ဖြစ်နေသောကြောင့် အဓိက ခန်းမဆောင်အတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိကာ ဆုံးဖြတ်ချက်ချရန် အခက်တွေ့နေသည့်ဟန် ရှိ၏။
ŞİMDİ OKUDUĞUN
ကျုပ်ကဆရာကြီး(1-ongoing)
Macera(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...