ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၉၄
(ဆရာကြီး၏ ရည်ရွယ်ချက်သေးသေးလေးအတွက် ကူညီခြင်း)ဟား..ဟား...
တစ်စုံတစ်ယောက်မှာ စိတ်မထိန်းနိုင်တော့ပဲ ကျယ်လောင်စွာ ရယ်မောတော့သည်။ ထို့နောက်တွင် အခြားသူများလည်း စတင်ရယ်မောကြတော့သည်။
မြင့်မြတ်နယ်မြေက အင်မော်တယ်ကျိရီက ဒီလောက်ထိ ကပ်စေးနှဲလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ... ဒီလိုပေါင်မုန့်လေး ထုတ်ကျွေးရလောက်အောင် သူတော်တော် အရှက်မရှိတာပါလား
အင်မော်တယ်ရွှမ်ယွမ် ချက်ချင်းပင် သူ့ကိုယ်သူ ဂုဏ်ယူမိစွာ ပြောလာသည်။
အင်မော်တယ်လင်ကျူး ဒီကိစ္စက ပေါ့သေးသေး မဟုတ်ဘူးနော်...ကြီးမားတဲ့အကျိုးဆက်တွေရှိနေတယ်... ကျုပ်တို့နဲ့ပူးပေါင်းတာ အကောင်းဆုံးလို့ထင်တယ်... ပြီးရင် ကျုပ်ခင်ဗျားကို အထွဋ်အထိပ် စိတ်ဝိဥာဉ်ရတနာတစ်ခု လက်ဆောင်ပေးပါမယ်ဒီနေရာက ခင်ဗျားစကားပြောလို့ရတဲ့ နေရာမဟုတ်ဘူး ပါးစပ်ပိတ်ထားစမ်း...
ရှောင်ချန်ဖန်း၏ ဝတ်ရုံမှာ လေထဲတွင်လူးလွင့်နေပြီး စူးရှသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ငါ့ရဲ့ဓား ငါ့ဆီကိုလာစမ်း
ထန်......
ဓားရှည်တစ်ချောင်း သူ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာပြီး တောက်ပမှုများ ထုတ်လွှတ်နေကာ ဓားချီစွမ်းအင်များ တစ်နေရာတည်းတွင် စုစည်းသွားပြီး အင်မော်တယ်ရွှမ်ယွမ် အား တိုက်ခိုက်တော့သည်။
ရွှမ်း......
ဓားချီစွမ်းအင်များ သည် သက်တံတစ်ခုကဲ့သို့ အဆုံးမရှိလေလှိုင်းများ အသွင် ဖြစ်ပေါ်သွားသည်။ ပြင်းထန်သောလေများ က အဖက်ဖက်မှ တိုက်ခတ်လာပြီး ပတ်ဝန်းကျင်အား ရှင်းလင်းပစ်ကာ ထိုင်ခုံများနှင့်စားပွဲခုံများသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွား၍ စားပွဲပေါ်ရှိ အင်မော်တယ် အသီးများသည်လည်း အားလုံး ပျက်စီးသွား၏။
ရွှေအင်မော်တယ် ဆယ့်နှစ်ယောက်မှာ အတော်လေး ကြောင်အမ်းအမ်းဖြစ်နေကြသေးကာ နောက်ဆုတ်သွားကြသည်။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...