97+98

1.2K 159 0
                                    

#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၉၇
(ငါက မီးထိုးတဲ့အရာတစ်ခုပဲ)

ခဏကြာတွင် လီနင်းဖန်က သူ၏ ယောဂ ကျင့်စဉ်ကို ပြီးဆုံးသွားသည်။ တ့ကျီ တံခါးဆီသို့ လျှောက်လမ်းလာသည်ကို သူ မြင်လိုက်၏။ သူသိလိုစွာဖြင့် မေးလိုက်သည်။

"တ့ကျီ ဘယ်သွားတာလဲ..."
တ့ကျီ ညင်သာစွာပြောကာ ပြုံးလိုက်၏။

"သခင်လေးလီ အရင်နေ့က  မီးထွန်းဖို့ မီးအရင်းအမြစ် လိုတယ်လို့ မပြောလိုက်ဖူးလား.... ညတုန်းက ကျွန်မ
အကြံ တစ်ခုရလို့ အပြင်ထွက်သွားခဲ့တာ  နောက်ဆုံးတော့ တွေ့လာခဲ့ပြီ"

သူမ၏ အပြုအမူနှင့် အပြောအဆို ကြောင့်မို့ ပိုးစုန်းကြူး မိစ္ဆာငယ်လေး နှစ်ကောင်မှာ တုန်လှုပ် အံ့အားသင့်သွားသည်။ ၎င်းကို ယုံတောင် မယုံကြည်နိုင်ချေ။

ဘာတွေဖြစ်သွားတာလဲ...

အဲ့ဒါ တကယ်ပဲ ကိုးမြှီးမြေခွေးလား....

စွမ်းအားကြီးပြီး အေးစက်သည့် အသဲနှလုံးရှိသော ကိုးမြှီးမြေခွေးမှာ ထိုကဲ့သို့ ညင်သာ ယဉ်ကျေးသည့်
မိန်းမပျိုလေးတစ်ဦး အဖြစ် ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။ ၎င်းက လူနှစ်ယောက် ကွဲပြားခြားနားသည့် အလားပင် ... ။

သူမ သခင်က ဘယ်လို နတ်ဘုရား ဖြစ်တည်မှုမျိုးလဲ...သူက ကိုးမြှီးမြေခွေးကိုတောင် ဘယ်လို ယဉ်ကျေးစေခဲ့တာလဲ.....

ထိုမိစ္ဆာနှစ်ကောင်မှာ လီနင်းဖန်အား ကြည့်လိုက်သည်။ လီနင်းဖန်က သူတို့ မျက်စိထဲတွင် သာမန်လူအတိုင်းပင် ။ သူတို့၏ နတ်ဆိုးဘုရင် ပြောခဲ့သည်မှာ မှန်ပေသည်။ သူမ၏ ဆရာသခင်က သာမန်သူအဖြစ် နေထိုင်ခြင်းကိုသာ နှစ်သက်ဟန်ရ၏။

လီနင်းဖန်က သိလိုစွာဖြင့် မေးလာခဲ့သည်။
" အိုး... ဘယ်လို အလင်း အရင်းအမြစ် မျိုးလဲ"

တ့ကျီက သူမ၏ အိတ်လေးအား မြှောက်ပြလိုက်ကာ ပြုံးလိုက်သည်။

"ဒီမှာ ပိုးစုန်းကြူးလေးတွေ ... "

လီနင်းဖန် ရယ်မောလိုက်မိသည်။
"ပိုးစုန်းကြူးလေးတွေလား ဘယ်လောက်တောင် ဖန်တီးနိုင်စွမ်းရှိတဲ့ အကြံညဏ်တစ်ခုလဲ...ပြစမ်းပါဦး"

ကျုပ်ကဆရာကြီး(1-ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ