ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၁၃
(ပန်းချီကားတစ်ချပ်က ငါ့ရဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ဖျက်ဆီးပစ်တော့မှာလား)ဟုတ်တယ် ဒီပစ္စည်းလေးရဲ့ စွမ်းအားတွေကို ထိန်း..........
ပေနီ ဆက်မပြောနိုင်တော့ချေ။သူ ကိုယ်တိုင်ပင် မည်သည့်စွမ်းအားများအား ထိန်းချုပ်ရမည် ဖြစ်ကြောင်း သိချင်နေသည်။
ထိုစဉ် ဂူယွမ် ဝင်ပြောတော့သည်။
ဒီပန်းချီကားထဲမှာ ကောင်းကင်ဥာဏ်အလင်းတွေ ပါနေတယ်....ပုံက ရွှေရောင်ကျီးကန်း တစ်ကောင်ရဲ့ ပုံပဲ...တော်တော်ကို ကြောက်စရာကောင်းလွန်းတယ်....ဒါ့ကြောင့် ဂရုစိုက်ပါ အကြီးအကဲတို့ပေနီ ဂူယွမ်အား တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်ပြီး သူ ကြိုးစား၍ ဆက်ပြောသည်။
ဟုတ်တယ်...အဲ့ဒါ အမှန်ပဲ...စလိုက်ကြရအောင်ရွှေရောင်ကျီးကန်း....
အကြီးအကဲ သုံးဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြကာ သူတို့၏ မျက်လုံးများတွင် သံသယများ ပြည့်နှက်သွားသည်။
ရွှေရောင်ကျီးကန်းဆိုသည်မှာ လွန်လေခဲ့ပြီးသော ခေတ်တစ်ခေတ်၏ ဒဏ္ဍာရီလာ မိစ္ဆာဘုရင်တစ်ပါးဖြစ်ကာ မျိုးတုန်းပျောက်ကွယ်ခဲ့သည်မှာ ကြာညောင်းနေပြီဖြစ်သည်။
အထက်အင်မော်တယ် ကမ္ဘာတွင်ပင်လျှင် ရွှေရောင်ကျီးကန်း၏ တည်ရှိမှုမှာ ရှေးဟောင်းနယ်မြေများမှ မှတ်တမ်းမှတ်ရာ များတွင်သာ တွေ့ရတတ်သည်။
ပန်းချီကားအား သာမန် စက္ကူတစ်ရွက်ဖြင့် ဆွဲထားခြင်းဖြစ်ကာ စက္ကူ မှာလည်း အသစ်ဖြစ်နေသောကြောင့် ရှေးခေတ်ပန်းချီကားတစ်ချပ် မဟုတ်သည်မှာ သေချာလွန်းလှသည်။
ထို့ကြောင့် မည်သူက ရွှေရောင်ကျီးကန်း၏ ပုံအား ရေးဆွဲနိုင်မည်နည်း။
ထို အချက်များကြောင့် ပန်းချီကားအား စွမ်းအားထိန်းချုပ်ရန် မလိုအပ်ချေ။
အကြီးအကဲတစ်ဦးမှာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် စကားဆိုလာသည်။
ဂိုဏ်းခေါင်းဆောင် ပေနီ...ခင်ဗျား တော်တော်လေးကို ဂရုစိုက်လွန်းအား ကြီးနေတာထင်တယ်... ခွင့်လွှတ်ပါဗျာ...ကျုပ်ဒဲ့ပဲပြောပါရစေ.... ပန်းချီကားကို ဒီတိုင်းပဲ ဖွင့်ကြည့်လိုက်ပါ
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...