ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၂၂ A
(ငါသခင့်အတွက် လမ်းကြောင်းရှင်းပေးမှ ဖြစ်မယ်)ညအချိန်တွင် ဖြစ်သည်။
ညကောင်းကင်ယံမှာ မှောင်သထက်မှောင်လာ၏။ ကောင်းကင်ယံသည် လ၏အလင်းရောင်ကိုပင် ဖုံးကွယ်ထားလျက်ရှိသည်။
အမည်းရောင်တိမ်စိုင်များသည် နီလာမြို့တော် တစ်မြို့လုံးအား ဖုံးလွှမ်းနေသည်။
အမည်းရောင်ပုံရိပ်နှင့် အဖြူရောင်ပုံရိပ်နှစ်ခုသည် လေထဲတွင် ဖြည်းညှင်းစွာ ပျံသန်းနေကြသည်။ သူတို့သည် ဦးထုပ်ရှည်များ ဆောင်းထားကြကာ အဖြူနှင့်အမည်းရောင်ရှိသော သေဆုံးခြင်းလက်နက်များ ကိုင်ထားကြသည်။ သူတို့မှာ သွေးအေး၍ လေးနက်နေဟန် ရှိကာ အိုနီ(တစ္ဆေထိန်းဘီလူး)အများအပြားလည်း သူတို့၏နောက်မှာ လိုက်ပါလာကြသည်။
သူတို့သည် နီလာမြို့တော်မှ ဝိဥာဉ်အများအပြားအား ဆန့်ကျင်တိုက်ခိုက်လာခဲ့ကြ၏။
နီလာမြို့တော်ရှိ ဝိဥာဉ်များသည် အခြားသော ဝိဥာဉ်များနှင့် ခြားနားကြသည်။ ထိုဝိဥာဉ်များသည် လူသားသဏ္ဍာန်များပင် ပျောက်ဆုံးနေကြပြီဖြစ်ကာ ထူးဆန်း ၍ ကြက်သည်းထဖွယ် ကြောက်စရာ ကောင်းလှသည်။ သူတို့၏ လူ့ဘဝကအသွင်များ ပျက်စီးသွားရခြင်းမှာ သူတို့သည် အခြားသော ဝိဥာဉ်များအား စုပ်ယူဝါးမြိုကြပြီး စွမ်းအားကြီးမားလာကြကာ ထိုအချက်ကြောင့်ပင် ကြောက်စရာကောင်းသော ပုံပန်းသွင်ပြင်များ ဖြစ်သွားခြင်း ပင်ဖြစ်သည်။
ထူးခြားသည့် ပုံရိပ်သုံးခုသည် ဝိဥာဉ်များအားလုံး၏ အပေါ်ဘက်တွင်ရှိနေသော ကြီးမားသည့် မြို့တံခါးပေါ်တွင် ထိုင်နေကြသည်။ သူတို့က ပျက်စီးခြင်း စွမ်းအားရှိသူများဖြစ်ကာ အိုနီအများအပြားနှင့် တွေ့ရလျှင်ပင် ထိန်းချုပ်တိုက်ခိုက်နိုင်စွမ်းရှိကြသည်။
ဝိဥာဉ်ဘုရင်သုံးပါးသည် ဤမြို့အား ဝိဥာဉ်မြို့တော် ဖြစ်လာအောင် လုပ်ဆောင်ခဲ့ကြပြီး မြို့သည်ယခုတွင် ဝိဥာဉ်များ၏ ကစားကွင်းသဖွယ် ဖြစ်နေတော့သည်။ ဤနေရာတွင် ရှိခဲ့သော ကျင့်ကြံခြင်း ဂိုဏ်းများပင်လျှင် ဖျက်စီးခြင်း ခံခဲ့ရသည်။
![](https://img.wattpad.com/cover/286838737-288-k994032.jpg)
ESTÁS LEYENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...