201+202+203

1.2K 155 2
                                    

ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ  - တင်အောင်ခိုင်
အခန်း ၂၀၁
(ငါ့ဘိုးဘေးကတကယ်တော့ သူခိုးကိုး)

တိတ်ဆိတ်သွားကြ၏။

အားလုံး တိတ်ဆိတ်နေကြသည်။

အားလုံး ပင့်သက်ရှိုက်မိသွားကြကာ လည်ချောင်းများ ပိတ်ဆို့မိနေကြလျက် စကား မပြောနိုင်ကြချေ။ သူတို့ ဆွံ့အနေကြသည်။

ဥာဏ်အလင်း......

ဒါမျိုးက ရင်းနှီးနေပြီးသားပဲ....

အမျိုးသမီးကြီးမှာ သူမကြောင့် အားလုံး ဆွံ့အ သွားကြခြင်းဟု တွေးနေတော့သည်။ ရုတ်ချည်းပင် သူမ ပျော်ရွှင်ကြည်နူးလျက် ပြောလာသည်။
သိပ်လဲ အံ့သြမနေကြပါနဲ့...ငါ အလွယ်လေးပဲ အဲ့ဒီ့စိတ်ဝိဥာဉ်သီး ခြောက်လုံး စားပြီးသွားပြီ...အဲ့ဒီ့အသီးကို ငါ အရမ်းကြိုက်ပေမယ့် တစ်လုံးချန်ထားခဲ့တာ...သေမျိုးကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာ ဆက်နွယ်မှုတံတား ပြန်ပွင့်ရင် ငါနင်တို့ကို ပေးမလို့...အခုလဲ အဲ့ဒီ့အသီးက ငါ့ထက်စာရင် နင်တို့အတွက် ပို အကျိုးရှိပါတယ်

လျောင်မန်ကျိ သတိပြန်ဝင်လာကာ ချက်ချင်းပင် အံ့သြသည့် ပုံစံ ဖမ်းလိုက်သည်။
ဝိုး.....ကောင်းလိုက်တာ

ကျိုးတချန်လည်း ဝင်ထောက်ခံလိုက်၏။
ဒီလို ထူးဆန်းတဲ့ အသီးမျိုး ရှိနေတာကို ဘယ်သူက တွေးမိမှာလဲ...စိတ်ကူးကြည့်ဖို့တောင် ခက်ခဲပါတယ်... ယုံဖို့ ခက်လိုက်တာ

ဆရာကြီးနှင့် တွေ့ခဲ့ရပြီးကတည်းက ရရှိလာသော သရုပ်ဆောင် အရည်အသွေးများမှာ ယခုတော့ အသုံးဝင်လေချေပြီ။

မျှော်လင့်ထားသည့်အတိုင်းပင် အားလုံးမှာ ဟန်ဆောင် အံ့သြလိုက်ကြ၏။

ချင်မင်ယွင်ပင်လျှင် အံ့သြနေသော ပုံစံ ဖမ်းနေလေသည်။ သူမ ခေါင်းခါရမ်းလျက် နှိမ့်ချစွာ ပြောလိုက်သည်။
တော်တော်ကို တန်ဖိုးကြီးတဲ့ အရာပဲ...ကျွန်မတို့ မယူပါရစေနဲ့

ဒါက ငါ့အတွက် ဘာမှမဟုတ်ပါဘူး...ငါကနင်တို့ရဲ့ဘိုးဘေးပါကွယ်....ငါပေးရင် ယူထားလိုက်ကြပါ
အမျိုးသမီးကြီး ပြုံးနေ၏။

ကျုပ်ကဆရာကြီး(1-ongoing)Where stories live. Discover now