ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၂၄၈
(ကျုပ်ကဆရာကြီးရဲ့ ကျားစေ့တစ်စေ့ပဲ)ဖီးနစ်မီးငှက်နှင့် တကျီ၏ မျက်နှာများ မှာ စိတ်လှုပ်ရှားဟန်တို့ နှင့် ပြည့်နှက်သွားပြီး တုန့်ဆိုင်းခြင်းမရှိ မေးလေသည်။
ဘယ်လို နွားလဲ
ရှေးခေတ် အချိန်တွေတုန်းက ရှေးဟောင်းနွားမတွေ အမျိုးအစားများစွာ ရှိခဲ့တယ်လေ...နဂါး တွေကို မယှဥ်နိုင်ပေမယ့် သူတို့ကိုလည်း ထိပ်တန်း အင်မော်တယ်သတ္တဝါအဖြစ် သတ်မှတ်ကြတယ်...ဂုရုကြီးတွေက မာနကြီးတဲ့ နဂါးတွေကို လက်လှမ်းမမီတော့ သူတို့က မြင့်မြတ်တဲ့ နွားမတွေကို အာရုံစိုက်ခဲ့ကြတယ်
ရွှေနဂါးသည် နွားမများအကြောင်း မရှင်းပြခင် နဂါးနှင့်ပတ်သက်၍ ဝင့်ကြွားပြောဆိုရန် မမေ့ချေ။
ဆရာကြီးက ပြောတယ်ဆိုရင်တော့ နွားမဟာ သာမန်နွားမတော့ မဖြစ်နိုင်ဘူး...အမည်းရောင်နဲ့အနက်ရောင်ဆိုတာက ယင်နဲ့ယန်ကို ကိုယ်စားပြုတယ်...ယင်နဲ့ယန် ပါဝင်တဲ့ နွားမမျိုးကိုငါသိတယ်...အဲ့ဒါက ငါးရောင်စပ် မြင့်မြတ်တဲ့ နွားမပဲ
ဖီးနစ်မီးငှက် အေးခဲသွားသည်။
ငါးရောင်စပ် မြင့်မြတ်တဲ့နွားမ...ဟုတ်လား...ငါးရောင်ဟုတ်တယ်...အတိအကျပဲ
ရွှေနဂါး ခေါင်းညိတ်တော့သည်။အမည်းရောင်၊ အဖြူရောင်၊ အနီရောင်၊ အစိမ်းရောင်နဲ့ အပြာရောင်ပဲ...အမည်းနဲ့အဖြူက ယင်နဲ့ယန်ကို ကိုယ်စားပြုတယ်...အနီ၊ အစိမ်းနဲ့ အပြာက ကမ္ဘာကြီးရဲ့ အကြမ်းဖျင်းအရောင်တွေကို ကိုယ်စားပြုတယ်...အဲ့ဒီ့နွားမျိုးစိတ်က ကမ္ဘာကြီး အတွက် မွေးဖွားလာခဲ့တာပဲ...သူတို့က တိမ်တွေပေါ်မှာလမ်းလျှောက်နိုင်တယ်...ကြီးမားတဲ့ စွမ်းအားရှိတယ်...တောင်တွေနဲ့ သမုဒ္ဒရာတွေကိုတောင် ရွှေ့လို့ရတယ်
ဆရာကြီးက သူလိုချင်တာတွေကို ရှင်းရှင်းလင်းလင်း ဒဲ့ပြောလေ့မရှိဘူး...ဆိုတော့ အမည်းနဲ့အဖြူဆိုတာ အရိပ်အမြွတ်ပဲ...ငါးရောင်စပ် နွားမ မှာတော့ အရောင်သုံးရောင်ပိုနေတယ်...ဒါပေမယ့် အဓိက ကျတာက အမည်းနဲ့အဖြူပဲ
တကျီ အတန်ကြာ စဥ်းစား၍ ခွဲခြမ်းစိတ်ဖြာနေသည်။ ထို့နောက် သူမ အဓိကကျသော မေးခွန်းတစ်ခု မေးလေသည်။
KAMU SEDANG MEMBACA
ကျုပ်ကဆရာကြီး(1-ongoing)
Pertualangan(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...