Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၁၇
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဒါက ထမင်းရည်တစ်ခွက်ပဲ မဟုတ်ဘူးလား)သူတို့ လေးယောက်သား တောင်ပေါ်ကို တက်ခဲ့ကြသည်။ များမကြာမီ သူတို့ တောင်ထိပ်နားသို့ ရောက်လာကြ၏။ ထို တောင်နံရံ ဆင်ခြင်လျှော၏ နောက်တွင်ကား စိမ်းစိုလန်းဆန်းလှသော သစ်ပင်များနှင့် အပေါ်တွင် ရွေ့ချည်လွှားချည် သွားနေသော ဖြူလွလွ တိမ်တိုက်များအကြား ကွယ်ဝှက်ခံထားရသော စံအိမ်တစ်လုံး၏ ရေးဖြဖြပုံရိပ်က ရှိနေလေသည်။
တစ်ယောက်ယောက်ကများ မျက်စိလျှမ်းကာ အသေအချာ မကြည့်မိပါလျှင် ထို စံအိမ်ကို သတိထားမိနိုင်မည် မဟုတ်ချေ။ ၄င်းမှာ ပုန်းစရာ ကွယ်စရာ အဖြစ် သုံးရန် တော်တော်လေး သင့်လျှော် သော နေရာတစ်ခုဖြစ်သည်။
သူတို့လေးယောက် အနားသို့ရောက်လာသောအခါ ထိုအိမ်လေး၏ ရှေးဟောင်း လေးပိုင်းသောဗိသုကာပညာ ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ကြရ၏။ ဝိုးတဝါး အုပ်ဆိုင်းဆိုင်းမြုများ ကြားတွင် မြင်ရသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး အနုပညာမြောက်လွန်းသော ရသတစ်ခုကို ပေးစွမ်းနိုင်ပေသည်။
ဒါ အင်မော်တယ် တစ်ယောက်ယောက် နေတဲ့ နေရာပဲဖြစ်ရမယ်
ဒီလောက်ကောင်းတဲ့ နေရာမျိုးမှာမှ အင်မော်တယ်တွေနေကြမှာ
ထို စံအိမ်လေးဆီသို့ သူတို့လေးယောက်သား တအံ့တဩငေးရင်းက ချဉ်းကပ်လာကြသည်။
စီနီယာအစ်မလင်း၊ သခင်လေးလီရဲ့ နာမည်ရင်းက လီနင်းဖန်တဲ့၊ သူက သေမျိုးဘဝနဲ့ နေထိုင်သွားဖို့ ကြိုးပမ်းနေတာ၊ အစ်မ သူ့ကိုတွေ့တဲ့အခါ အံ့ဩတကြီး သွားကြည့်မနေနဲ့ဦးနော်၊ သခင်လေးလီက ဘဝကို သာမန်လူအနေနဲ့ ဖြတ်သန်းဖိ ု့ ကြိုးစားနေတဲ့ လူတစ်ယောက်နော် သူ့ကို သာမန်လူအနေနဲ့ပဲ ဆက်ဆံဖို့ သတိထားဦးတော်ကြာ သူ့ကိုစော်ကားပါတယ် ဖြစ်နေလိမ့်မယ် ပိုင်လျိုရှောင်းက ထပ်မံသတိပေးသည်။
လင်းချင်းယွမ် တစ်ယောက် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုကဲ့သို့
သိုသိုသိပ်သိပ် နေကြသည့် ဆရာကြီးများတွင် တစ်မူထူးခြားသော အကျင့်များ ရှိတတ်ကြသည် မဟုတ်လော။
YOU ARE READING
ကျုပ်ကဆရာကြီး(1-ongoing)
Adventure(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...