90

1.2K 152 0
                                    

Uni
======
#ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၉၀
(ဖားယားနေလိုက်တဲ့ ကောင်စုတ်)

ခင်ဗျား နားလည်တယ်လား

လင်မုဖန်း နှင့် အဖိုးကြီးစွန်းတို့သည် စစ်တုရင်ဝါသနာအိုး အား တစ်ပြိုင်နက် ကြည့်လိုက်ကြသည်။

အင်း ရှင်းစမ်းပါဦး
အဖိုးကြီးစွန်း လဲ သိချင်စိတ်ဖြင့် မေးလိုက်သည်။

တကယ်တော့ ကျုပ်မှာ အဲ့လို အတွေးမျိုး ရှိနေတာ ကြာပြီ
စစ်တုရင်ဝါသနာအိုး လည်း ပြုံးလျက် ဆက်ပြော၏။

ခင်ဗျားတို့ ကျုပ်တို့လို ကျင့်ကြံသူတွေက အင်မော်တယ်တွေအဖြစ်နဲ့ မွေးလာကြတာမဟုတ်ဘူး ..... ကျုပ်တို့ဟာ သာမန်လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ပဲ မွေးဖွားလာကြတာလေ ...... ကျုပ်အမြဲတမ်း တွေးလေ့ရှိတယ်..... ကျုပ်တစ်နေ့မှာ အင်မော်တယ် အဖြစ် မွေးဖွားဖြစ်လာခဲ့ရင် ကျုပ်ရဲ့ ကျင့်ကြံခြင်းတွေနဲ့ အလုပ်ရှုပ်ခဲ့ရတဲ့ ဘဝကို အဆုံးသတ်လိုက်မယ် ... ပြီးရင် ကျုပ် သာမန်လူတစ်ယောက်ရဲ့ ဘဝလို ပြန်နေထိုင်မယ်..... အပူအပင်ကင်းမဲ့တဲ့ ဘဝမျိုးပေါ့ဗျာ..... သာမန်လူသားတွေနဲ့ အတူတူ ရောနှောနေထိုင်ရင်းနဲ့ ကျုပ်ရဲ့ ဘဝကို အေးဆေး ဖြတ်သန်းမယ်ပေါ့

ခင်ဗျား မှန်တယ်....ခင်ဗျား သိပ်ကိုမှန်တယ်
အဖိုးကြီးစွန်းလည်း သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်သည်။
ဒါဆိုရင် အင်မော်တယ်ဖြစ်သွားပြီးတဲ့ လူတစ်ယောက်က သူ့ရဲ့ အခြေခံဘဝကို ပြန်သွားပြီး သာမန်လူတစ်ယောက်လို ပြန်နေ နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က သူ့ကို သူ့ရဲ့ဂုဏ်ပုဒ်တွေကို ဖော်ထုတ်မယ် ဆိုရင် သူ စိတ်အနှောင့်အယှက် ဖြစ်ပြီး စိတ်ပျက်မှာပေါ့ ဒီသဘောပဲ

ဤသည်မှာ အချမ်းသာဆုံးလူတစ်ယောက်နှင့် တွေ့ဆုံရခြင်း ကဲ့သို့ ဖြစ်သည်။ ထိုသူဋ္ဌေးက သူသည် ပိုက်ဆံအကြောင်း စိတ်မဝင်စားသော သာမန်လူတစ်ယောက်ဖြစ်သည်ဟု ပြောဆိုနေလျှင် သူ့အား သူဋ္ဌေးတစ်ယောက်ဟု ထုတ်ဖော်ပြောလိုက်ခြင်းသည် သင့်တော်မည်လော။

မသင့်တော်ပေ။ ရွေးချယ်စရာ မရှိကာ ဟန်ဆောင် ဆက်ဆံ ပေးလိုက်ရုံသာ သင့်တော်သည်။

ကျုပ်ကဆရာကြီး(1-ongoing)Tahanan ng mga kuwento. Tumuklas ngayon