ကျုပ်ကဆရာကြီး
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
အခန်း ၃၀၈
(အံ့အားသင့်စရာကြီးတစ်ခုနဲ့အတူပြန်ရောက်လာပြီ)မြေအောက်ကမ္ဘာတွင်........
မရေမတွက်နိုင်သော ဝိညာဉ်များမှာ ညည်းတွားနေကြသည်။ အိုနီများ အားလုံးသည်လည်း အလုပ်ရှုပ်နေကြပြီဖြစ်သည်။ သူတို့မျက်နှာများမှာ အထိပ်တလန့်ဖြစ်နေကြဟန် တူသည်။ ယခုပြဿနာမှာ သူတို့ထင်ထားသည်ထက် ပို၍ ပြင်းထန်နေပေသည်။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ဆက်နွယ်မှုလမ်းမှာ ပြန်ပွင့်သွားခဲ့ချေပြီ။ မြေအောက်တစ္ဆေမြစ် သည်ပြောင်းလဲသွားခဲ့ပြီး အိပ်ပျော်နေသော တစ္ဆေဘုရင်ကြီးများ တစ်ယောက်ပြီး တစ်ယောက်နိုးထလာခဲ့သည်။ အရေးကြီးဆုံးအချက်အား ပြောရလျှင် တစ္ဆေတံခါးမှာ တစ်ခုတည်းရှိနေခြင်း မဟုတ်ပေ။ သာမန်ဘုံ၏ နေရာဒေသများ အားလုံးတွင် အချိန်မရွေးပေါ်လာ နိုင်သည်။ သရဲတစ္ဆေများ၏ အရေအတွက်မှာ မြေအောက် ကမ္ဘာရှိ အိုနီ အရေအတွက်ထက်ပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ယခုမူ ထိန်းမနိုင် သိမ်းမရဖြစ်နေခဲ့သည်။
ထိုစဉ် မြေအောက်တစ္ဆေမြစ် ၌ ပွက်ပွက်ဆူနေသော သွေးစွန်း ပင်လယ်ကြားတွင် ရိုင်းစိုင်းသော ရယ်မောသံနှင့်အတူ ညည်းညူသံအချို့ ထွက်ပေါ်နေခဲ့သည်။ ရှေးခေတ်ကတည်းက အိပ်ပျော်သွားခဲ့သော ဝိညာဉ်များမှာ တစ်ယောက်ပြီး တစ်ယောက် နိုးထလာခဲ့ကြသည်။
မြေအောက်ကမ္ဘာတစ်ခုလုံးမှာ ငလျင်လှုပ်သကဲ့သို့ တုန်ခါနေခဲ့၏။ အခြေအနေများ ပိုဆိုးလာပါက သာမန် အိုနီများမှာ မြေအောက်တစ္ဆေမြစ် ထဲသို့ ဝင်နိုင်တော့မည် မဟုတ်ချေ။
နောက်ထပ်အခိုက်အတန့်တစ်ခုတွင် အနက်ရောင်နှင့် အဖြူရောင် ပုံရိပ်နှစ်ခု က မြေအောက်တစ္ဆေမြစ်မှ ထွက်ပေါ်လာခဲ့သည်။ သူတို့မှာ ဖြူဖပ်ဖြူရော် ဖြစ်နေဟန် ရှိပြီး အရှိန်အဝါများမှာ အားနည်းနေကြသည်။ မကြာခင်တွင် သွေးရောင်ချပ်ဝတ်တန်ဆာဖြင့် တစ်စုံတစ်ယောက်မှာ မြေအောက်တစ္ဆေမြစ် မှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ စူးရှစွာ အော်ဟစ်နေခဲ့ပြီး သူ၏ခန်ဓါကိုယျမှာ သွေးများပြည့်နေသော မြေအောက်တစ္ဆေမြစ်ရေများ ဖုံးလွှမ်းနေသည်။
DU LIEST GERADE
ကျုပ်ကဆရာကြီး(1-ongoing)
Abenteuer(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...