Uni
=======
#ကျုပ်ကဆရာကြီး
အခန်း ၄၃
ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင်
(ဖြုန်းတီးလိုက်တဲ့ဇနီး)ကျင့်ကြံသူများ အတွက် အရေးကြီးဆုံးမှာ စိတ်ဝိညာဉ် ရေသောက်မြစ် မဟုတ်သလို စိတ်ဝိညာဉ်ပါရမီလည်း မဟုတ်ပေ။ ၄င်းက ဉာဏ်အလင်းပွင့်ခြင်း သာ ဖြစ်သည်။
တာအို ဆိုသည်မှာ ကျင့်ကြံခြင်း၏ အခြေခံ အုတ်မြစ် ဖြစ်သည်။ တာအို အား နက်နဲစွာ သဘောပေါက် ဆင်ခြင်ထားနိုင်ပါက အဆင့်တတ်ရာတွင် လွယ်ကူပေသည်။ အချို့ လူများအတွက် စိတ်ဝိညာဉ် ရေသောက်မြစ် နှင့် အရင်းအမြစ်များ ကောင်းနေလျှင်ပင် တာအို အား နားလည်နိုင်စွမ်း မရှိပါက အဆင့်တစ်ခုတွင်ပင် ဘဝလုံး သောင်တင်နေပေမည်။ ဟုတ်ပေသည်။ ကျင့်ကြံခြင်း၌ အဆင့်ချိုးတတ်နိုင်ခြင်းမှာ အရေးကြီးဆုံး အပိုင်းတစ်ခု ဖြစ်သည်။
ကျင့်ကြံသူများအတွက် ဉာဏ်အလင်းရရှိပြီး ကျင့်ကြံခြင်းအဆင့်များ ချိုးဖျက်တတ်နိုင်ရန်အတွက် အလွန်အရေးကြီးသည်။ သို့သော်လည်း ဉာဏ်အလင်းရရှိရန်မှာ မလွယ်ကူချေ။ ကံကောင်းမှု နှင့် အခွင့်အရေး လိုအပ်သည်။
သို့သော်လည်း ယခုကဲ့သို့ လက်ဖက်ရည်တစ်ခွက်၌ ဉာဏ်အလင်းတို့ ပါဝင်နေသည်လား
ချင်မင်ယွင် မှာ လင်ရှန်းနန်းတော် မှ လာသောကြောင့် တော်တော်လေး အသိဉာဏ်ကြွယ်ဝသည်။ သူမ အိမ်မက်အလား ခံစားနေရ၏။ ဖြစ်ပျက်သွားသည်အား မယုံကြည်နိုင်ပေ။
ဟင်
စိတ်ဝိညာဉ်ချီများစွာမှာ အပြင်ဘက်မှ ရပ်တန့်မရသည့် အလား စီးဝင်လာခဲ့ပြီး ခန်းမထဲတွင် ဝဲကယက်အလား လှည့်ပတ်နေသည်။
တော်ဝင်ဧကရာဇ် နှင့် လင်ချင်ယွင်တို့မှာ မျက်လုံး ပိတ်လျက်သား ရှိနေသော လျိုရှီယူ အား တုန်လှုပ်စွာ ကြည့်မိလိုက်ကြ၏။
သူမ အဆင့်တတ်နေတာလား
ရွှေရောင် အလင်းတန်းတို့မှာ လျိုရှီယူ၏ ခန္ဓာကိုယ်အထက်တွင် ဆင့်ခေါ်ခြင်း ခံရသည့်အလား စုဝေးလာသည်။ ရုတ်ချင်း ရွှေရောင်မီးတောက်အသွင် ဖွဲ့တည်ကာ ရွှေအမြုတေ မီးတောက် အဖြစ် ကူးပြောင်းသည်။
VOCÊ ESTÁ LENDO
ကျုပ်ကဆရာကြီး(1-ongoing)
Aventura(Im Actually a Cultivation Bigshot) Action, Advanture, Fantasy, Comedy မူရင်းစာရေးဆရာ - Kinoshita Nakui ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် Fb page name=Webnovel myanmar translation လီနင်းဖန် သည် သေမျိုးကမ္ဘာ မှ ကျင့်ကြံခြင်း ကမ္ဘာဆီသို့ ကူးပြောင်းရော...